ကေအိုင်အေ (ကချင်) သောင်းကျန်းသူ အဖွဲ့၏ စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် လူသစ်စု၍ ငွေရှာဖွေနေခြင်း

ပို့စ်တင်ချိန် - 6/26/2013 09:31:00 AM


ကေအိုင်အေ (ကချင်) သောင်းကျန်းသူ အဖွဲ့ တပ်မဟာ(၃) ၀မ်ဂေါဘွန်မှ လွယ်ဂျယ်မြို့နယ်၊ ကောင်းဆာရွာ အနီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်၌ မူးယစ်ဆေးဝါး အကြောင်းပြ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် ကျား(၄)ဦး၊ မ(၁)ဦး၊ ပေါင်း(၅)ဦးအား ပြန်လည် ခေါ်ဆောင်ရန် အတွက် မိုင်ဂျာယန် အုပ်ချုပ်ရေးမှူးနှင့် အတူ ကောင်းဆာရွာရှိ မိဘများသည် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ် အချိန်ခန့်တွင် ၀မ်ဂေါဘွန်သို့ ရောက်ရှိခဲ့ပြီး ဒုတပ်မဟာမှူး အဆင့်ရှိ တူးဂျားနှင့် တွေ့ဆုံကာ မိဘများမှ ယခုအခါ မိုးရာသီ ဖြစ်သဖြင့် စိုက်ပျိုးရေး အချိန် ရောက်ရှိ နေသောကြောင့် လယ်၊ စိုက်ခင်းများ ပြင်ဆင်ရန် အတွက် ၄င်းတို့ ကလေးများအား ပြန်လည် စေလွှတ်ပေးရန် အကူအညီ တောင်းခံ ပြောဆိုခဲ့ရာ တစ်ဦးလျှင် တရုတ်ငွေ ယွမ် (၁၅၀၀) စီဖြင့် (၅) ဦး အတွက် ယွမ် (၇၅၀၀) ပေးမှ ပြန်လည် စေလွှတ် ပေးခဲ့ကြောင်း၊ ဖမ်းဆီး ခေါ်ဆောင် သွားသူများသည် မိဘများနှင့် အတူ ညနေ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကောင်းဆာရွာသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရပါသည်။
ကေအိုင်အေ (ကချင်) သောင်းကျန်းသူ အဖွဲ့၏ စစ်အောင်နိုင်ရေး အတွက် လက်နက်ဖြင့် ခြိမ်းခြောက်ကာ လူသစ် အဓမ္မ ဖမ်းဆီးပြီး ငွေဖြင့် ပြန်လည် ရွေးယူရန် ပြုလုပ်နေမှု အပေါ် ဒေသခံ ပြည်သူများမှ ရွံရှာ မုန်းတီးလျှက် ရှိနေပါသည်။
ပေးပို့-ဇော်ဆိုင်း