လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပြည်သူသုံးသန်းလက်မှတ်ဖြင့် လွှတ်တော်တင်မည် ဟု ဆို

ပို့စ်တင်ချိန် - 6/18/2013 08:47:00 AM


ပြည်သူသုံးသန်း ၏လက်မှတ်ဖြင့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)အား ဇူလိုင်တွင်ပြု လုပ် မည့် ပြည်သူ့ လွှတ်တော်၌ တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းဥပဒေကြမ်းအား ရေးဆွဲသည့်အဖွဲ့မှ သိရသည်။

ယင်းဥပဒေရေး ဆွဲရာတွင် ပါဝင်သည့် ဦးပဉ္ဇင်းဦးဝီရသူက ''အဲဒီဥပဒေ ကို လွှတ်တော်တင်ဖို့အတွက် အထက်မြန်မာပြည်၊ အောက်မြန်မာ ပြည်က ပြည်သူတွေ ဆီက ထောက် ခံချက် လက်မှတ်ယူနေတယ်။ လက် မှတ်သုံးသန်းနဲ့တင်ဖို့ မှန်းထား တယ်။ ဒါပေမဲ့ အခု အဲဒီထက်များ မယ့် သဘောရှိတယ်''ဟု မိန့်သည်။

အဆိုပါဥပဒေ(မူကြမ်း)တွင် ဗုဒ္ဓဘာသာအမျိုးသား သို့မဟုတ် အမျိုးသမီးအား လက်ထပ်မည့် သူသည် တရားဝင်ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဟု ဖော်ပြထားသည်။ ဦးပါမောက္ခ(မကွေးဆရာ တော်)က ''ကိုယ့်လူမျိုး၊ ကိုယ့်ဘာ သာ၊ သာသနာပျောက်မသွား အောင်လို့ ဒီဥပဒေကိုတင်မှာဖြစ် တယ်။ အဓိက မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုးတွေ ပျောက် မသွားအောင်လို့ပါ''ဟု မိန့်ကြား သည်။

ယခုအခါ ပြည်သူများ၏ လက်ထဲရောက်ရှိနေသော ဥပဒေ (မူကြမ်း)မှာ အဟောင်းဖြစ်ပြီး ယခု ထိုဥပဒေအား အသစ်ပြန် လည်ရေးဆွဲထားကြောင်း ဥပဒေ ရေးဆွဲရာတွင် ပါဝင်သည့် ဘုန်း ကြီးများထံမှ သိရသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီး သို့မဟုတ် အမျိုးသားအား လက်ထပ်မည့်သူသည် ဘာသာခြားဖြစ် ပါက ဗုဒ္ဓဘာသာ ဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရယူထားသူ ဖြစ်ရန်လိုကြောင်း၊ ထို့အပြင် လက် ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုး သမီး၏မိဘ သို့မဟုတ် အုပ်ထိန်း သူ၏စာဖြင့် တရားဝင် ခွင့်ပြုချက် လက်ခံရယူရမည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေ(မူကြမ်း)တွင် ဖော်ပြ ထားသည်။

ဦးသန်းမောင်(ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဝင်)က ''ကျွန်တော့်ရဲ့စိတ်ခံစားမှု အရ ပြောရမယ်ဆိုရင်တော့ ဒီ ဥပဒေကို ထောက်ခံ တယ်။ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် လိုလားတယ်။ ဒါ ပေမဲ့လူမှုရေးကိစ္စတွေ၊ စိတ်ခံစား မှုတွေကို ဥပဒေ ဘောင်ထဲ အတင်း ထည့်သွင်းမယ်ဆိုရင်တော့ လက် မခံဘူး''ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ''၁၉၅၄ဥပဒေဆိုတာ ယခင်နိုင်ငံတည်ထောင်ခဲတဲ့ နိုင်ငံ့ ဖခင်ခေါင်းဆောင်ကြီးတွေက အမြော်အမြင်ရှိစွာနဲ့ ပြဋ္ဌာန်းပေး ခဲ့တာ။ ပါလီမန် ခေတ်တုန်းကလဲ ဘာသာရေးနဲ့ပတ်သက်တဲ့ ဥပဒေ တွေ တင်ကြတာပဲ။ ဒီလိုဥပဒေ တွေကို သံဃာတွေကပြဋ္ဌာန်းရင် လဲ သည်းခံရမှာပဲ။ ဒါဟာ ဘုန်း တော်ကြီး တွေက ဘာသာပေါ်မှာ ဖြစ်ချင်တဲ့ဆန္ဒဆိုတော့ ပြည်သူ တွေကိုကိုယ်စားပြုတဲ့ လွှတ်တော် ကနေပဲဆုံးဖြတ်ရမယ်''ဟု ပြော သည်။

ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာဥပဒေ(မူကြမ်း) တွင်အချက်ကိုးချက်ပါရှိပြီး ယင်း ဥပဒေအား လာမည့်လွှတ်တော် ၌ တင်ပြ နိုင်ရန်အတွက် ဇွန်၂ရ ရက်တွင် အစည်းအဝေးပြုလုပ်ပြီး အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေရည်မဉ္ဖူ
Yangonmedia