လူသတ်မှုအကြောင်း အငြင်းပွားရာမှ လူ ၃ ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 6/19/2013 05:27:00 PM

လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်ဆိုတဲ့ နိုင်ငံပိုင်
မြန်မာ့ အလင်း သတင်းစာပါ သတင်းတပုဒ်က စိတ်ဝင်စား စရာပါ။


မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသမှာ ဇွန်လ ၁၂ ရက်နေ့က အင်း အမှတ် ၁၀၄ ရှိ အင်း လုပ်သား စုပေါင်း နေထိုင်ရာ တဲမှာ အင်းလုပ်သား ၄ ဦးကို ထန်းတပင်နေသူ တဦးက စကေဘာနဲ့ ထိုး တဲ့အတွက် အင်း လုပ်သား ၃ ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပြီး နောက် တဦး ကတော့ ဆေး ကုသ ခံယူနေရ ပါတယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နယ်မြေရဲစခန်းက စကေဘာနဲ့ ထိုးသူကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက အခုလို လူ ၃ ဦး သေဆုံးသွားလောက်သည်ထိ ဖြစ် သွားခဲ့တာ ဟာ သံဝေဂ ရဖွယ်ပါ။

သတင်းစာအဆိုအရ မည်သည့် လူသတ်မှုလို့ မဖော်ပြပေမယ့် အလားတူ ဖြစ်ရပ်မျိုး နောင်မှာ မဖြစ်ရေး သင်ခန်းစာ ယူတာ၊ သင်ခန်းစာပေးတာမျိုး မှုခင်းကျဆင်းရေး လုပ်ငန်းတွေ တောရော၊ မြို့ပါ ကျယ်ကျယ်
ပြန့်ပြန့် လုပ်ဆောင်သွား သင့်ပါတယ်။

အိမ့်သံစဉ် ~ ဧရာဝတီ