သမ္မတ ဦးသိန်းစိန်၊ RCSS/SSA ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် တွေ့ဆုံ (ရှမ်းပြည်မြန်မြန်အေးချမ်းပါစေ)...

ပို့စ်တင်ချိန် - 6/10/2013 05:15:00 PM


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နာယက ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့သည် နေပြည်တော်တွင် ပထမဆုံးအကြိမ် ယနေ့တွေ့ဆုံလျက်ရှိသည်။ အဆိုပါတွေ့ဆုံပွဲတွင် အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း အပါအ၀င် အဆင့်မြင့်အရာရှိကြီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြပြီး RCSS/SSA ဘက်မှလည်း ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်က သမ္မတဦးသိန်းစိန်ကို ဗုဒ္ဓဆင်းတုတော်တစ်ဆူနှင့် ရှမ်းရိုးရာဝတ်စုံတစ်စုံ ပေးအပ်သည်။ ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ဇွန်လ ၉ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။ ဓာတ်ပုံ- ဦးရဲထွဋ် Facebook မှ ကူးယူဖော်ပြပါသည်။

7day news