ဘင်္ဂလားဒေရှ် ပါတီ ခေါင်းဆောင် ဟောင်း ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်

ပို့စ်တင်ချိန် - 7/16/2013 11:48:00 AM


၁၉၇၁ ခုနှစ် ပါကစ္စတန် နိုင်ငံ လက် အောက် က လွတ် မြောက် ဖို့  တိုက် ပွဲ ၀င် ခဲ့ တဲ့
ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလ မှာ လူသတ် မှု ၊ နှိပ်စက် ညှင်း ပန်းမှု
တွေ ကျုးလွန် ခဲ့သူ အသက် ၉၁ နှစ် အရွယ် ဂူလမ် အာဇမ် ကို ဒါကာ တရား ရုံး က
ထောင်ဒဏ် နှစ် ၉၀ ချမှတ် လိုက် ပါတယ်။

Jamaat-e-Islami ပါတီ ခေါင်းဆောင် ဟောင်း ဖြစ် တဲ့ ဂူလမ် အာဇမ် နဲ့  သူ့  နောက်
လိုက် တွေ ဟာ ဘင်္ဂလားဒေရှ် လွတ် လပ် ရေး တိုက် ပွဲ ကာ လ မှ ပါကစ္စတန် ဘက် က
နေ ရပ် တည် ဟော ပြော ခဲ့ တာ တွေ ပြု တဲ့ အပြင် ပါကစ္စတန် စစ်တပ် ရဲ့  သတ် ဖြတ်
မှု ၊ မုဒိမ်း ကျင့် မှု တွေ ကို ရေ ငုံ နှုတ် ပိတ် နေ ခဲ့ ပါတယ်။

ဘင်္ဂလားဒေရှ် လွတ် လပ် ရေး ကာလ မှာ ပါကစ္စတန် စစ်တပ် က လူ သုံးသန်း ကျော်
ကို သတ် ဖြတ် ခဲ့ ပြီး အမျိုးသမီး နှစ် သိန်း ကျော် ကို မုဒိမ်း ကျင့် ခဲ့ ပါတယ်။

သူ့  ကို နာဇီ ခေါင်းဆောင် အဒေါဖ် ဟစ်တလာ နဲ့  ခိုင်း နှိုင်း ကြ ပါတယ်။

အာဇမ် ကို ထောက် ခံ သူ တွေ က အကြမ်းဖက် ဆန္ဒ ပြ မှု တွေ ပြု လုပ် ခဲ့ ပြီး ရဲ
တွေ ကို လက် လုပ် ဗုံး တွေ နဲ့  ပစ် ပေါက် ခဲ့ ပါတယ်။

ဂူလမ် အာဇမ် ကို အမှု ပေါင်း ၆၁ နှစ် မှု နဲ့  မနှစ် က တရား စွဲ ဆို ခဲ့ ပါတယ်။

အသက် အရွယ် ကြီးရင့်  ပြီ ဖြစ် တဲ့ အာဇမ် ဟာ ထောင်ဒဏ် အစား ၊ အခြား ပြစ်ဒဏ်
တစ်ခုခု နဲ့  အစား ထိုး ကျ ခံ ရ မှာ ဖြစ်ပါတယ်။