ဂျက်လေယာဉ်နဲ့ ဆွဲတဲ့ ပန်းချီ

ပို့စ်တင်ချိန် - 7/01/2013 10:44:00 AM


ပန်းချီဆိုတာ ယာဉ်ကျေးတဲ့ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုတွေထဲက တခုပါ။ ပန်းချီဟာ လောကကို ပုံဖော်
လေ့ ရှိပြီး ထူးခြားတဲ့ ခံစားမှုတွေကို ပေးတတ်ကြပါတယ်။ ပန်းချီကို ဖန်တီးတာမှာ အမျိုးမျိုးရှိကြပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာကတော့ ပန်းချီကို ဂျက်လေယာဉ်အသုံးပြုဖန်တီးထားတဲ့ အကြောင်းပါ။


ဓာတ်ပုံ- realitypod.com


ဒါဟာ ကုန်ကျစရိတ်အများဆုံးတွေထဲက အနုပညာဖန်တီးမှု တခုလည်းဖြစ်ပါတယ်။ ဖလော်ရီဒါ အခြေစိုက် အနုပညာရှင် Princess Tarinan von Anhalt က လေမှုတ် စိတ္တဇ ပန်းချီကို ဂျက်လေယာဉ်က မှုတ်ထုတ် တဲ့ လေကို အသုံးချပြီး ဖန်တီး တဲ့ ပန်းချီပါ။



သူက ပန်းချီဆွဲတဲ့အခါ ဂျက်လေယာဉ်မောင်းသူနဲ့ သူလိုတဲ့ လေပမာဏကို ရဖို့ ဆက်သွယ်ရင်း ဂျက် အင်ဂျင် က မှုတ်ထုတ် တဲ့ လေအားနဲ့ လေလာရာလမ်းနဲ့ ပန်းချီပိတ်ကားရှေ့မှာ ဆေးတွေကို အချိုးကျ ပက်ဖျန်းပြီး ပန်းချီပုံဖော်တာပါ။

သူပန်းချီဆွဲတာက လက်ထောက်တွေနဲ့ Team ဖွဲ့ပြီး ဖန်တီးတာပါ။

အခြား အနုပညာဖန်တီးမှုနဲ့ မတူပဲ ဂျက်လေယာဉ်ကို အသုံးပြုရတဲ့ ဈေးကြီးတဲ့ ပန်းချီဆွဲခြင်းမျိုးဆိုပေမယ့် Princess ဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိပါတယ်။

သူ့ပန်းချီတွေကို ကြိုက်တဲ့သူတွေကတော့ သူ့ရဲ့ ပန်ချီဖန်တီးမှုတခုကို အမေရိကန် ဒေါ်လာ ၅ သောင်း ထိပေးပြီး ကြည့်ကြတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာတော့ သူ့ပန်းချီရေးဆွဲမှုပြပွဲကို ၅ ခု ရှိပါတယ်။


ကဲ စာဖတ်နေသူတို့လည်း သူ့ရဲ့ ဂျက်လေယာဉ်နဲ့ပန်းချီဆွဲတာကို ခံစားကြည့်ရှုရင်း ဘယ်လို ထင်မြင်ချက်တွေ ဖြစ်လာ သလဲ ဆိုတာ သိပါရစေ။

အိမ့်သံစဉ် ~
ဧရာဝတီ