ရွှတိဂုံတောင်ဘက်စောင်းတန်းမှာ မသင်္ကာသူတစ်ဦးကို ခေါ်ယူစစ်ဆေး

ပို့စ်တင်ချိန် - 7/12/2013 06:27:00 PM


ဇူလိုင် ၁၂ရက် မနက် ၇ါ်၄၅ အချိန်က ရွှေတိဂုံတောင်ဘက်စောင်းတန်းမှာ မသင်္ကာသူတစ်ဦးကို ခေါ်ယူစစ်ဆေးရာကနေ အဖြူရောင် ကြွတ်ကြွတ်အိတ် ထဲမှာ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်တဲ့ ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊
၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ် ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့ကို စစ်ဆေးတွေ့ရှိရပြီး ဒဂုံမြို့နယ်ရဲတပ်ဖွဲက အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း Yangon Police မှာ သတင်းထုတ်ပြန်ထားပါတယ်။