ကျုံးရေပြင် လူသေအလောင်း မည်သူမှန်းမသိသေး

ပို့စ်တင်ချိန် - 7/03/2013 09:46:00 AM

မန်းကျုံးရေပြင်တွင် ယခုလ ၁ရက်နေ့တွင်တွေ့ရှိခဲ့သော အသက် လေးဆယ်အရွယ်အမည်မသိ အမျိုးသား၏အလောင်းမှာ မည်သူမှန်းမသိရှိ ရသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။အောင်မြေသာစံမြို့နယ်၊ ၂၆ – ၇၅လမ်းထောင့်ကျုံးရေပြင်တွင် အဆိုပါအမျိုးသား မှာပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသဖြင့်ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲအုပ်ကမ်အောင်မြင့်မှ တရားလိုပြုလုပ်၍
အမှတ် ၂နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၄/၂၀၁၃အရအမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


Popularmyanmar