၂၀၁၅ တွင် သမ္မတ မလုပ်ဟု ဦးသိန်းစိန်ပြော

ပို့စ်တင်ချိန် - 7/21/2013 08:39:00 AM

သမ္မတဦးသိန်းစိန်နှင့် ဘီဘီစီ တွေ့ဆုံမေးမြန်းစဉ်။ ဓာတ်ပုံ - သတင်းစဉ်

၂၀၁၅ တွင်ပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲတွင် သမ္မတနေရာ ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဟု သ တင်းထွက်ပေါ်နေသော နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကျန်းမာ ရေးအရ ဝင်ရောက် ယှဉ်ပြိုင် မှာမ ဟုတ်ကြောင်းနှင့် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မိမိ၏ ပြိုင်ဘက်များ မဟုတ် ကြောင်း လန်ဒန်တွင်ပြုလုပ်ခဲ့ သော ဘီဘီစီရုပ်သံနှင့် တွေ့ဆုံမေး မြန်းခန်းတွင် အတိအလင်း ထုတ် ဖော်ပြော ကြားခဲ့ သည်။

သမ္မတ ဦးသိန်းစိန်က ၂၀၁၅ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် မိမိ၏ကျန်း မာရေးနှင့် အသက်အရွယ်အရ သမ္မတဒုတိယသက်တမ်းအတွက် အစီအစဉ်မရှိကြောင်း၊ မိမိအနေ ဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူငယ် များအတွက် ကောင်းမွန်သောအ နာဂတ်ဖန်တီးပေးနိုင်ရေးတို့အား စဉ်းစားပေးနေခြင်းကြောင့် သမ္မတ ဝင်ရွေးမည်ဟု အတိအလင်းထုတ်ဖော် ပြောကြားနေသော သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့သည် မိမိ၏ပြိုင်ဘက်များ မ ဟုတ်ကြောင်း ဇူလိုင်၁၆ရက် မွန်း လွဲ၁၂နာရီခွဲက Pancras Renissance ဟိုတယ်တွင် ဘီဘီစီသတင်း ဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်း ခန်းတွင် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၂၀၁၅ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတွင် လက် ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့သည် သမ္မတဝင်ရောက် အရွေးခံမည်ဟု သတင်းများထွက် ပေါ်နေပြီး ကာယကံရှင်များကိုယ် တိုင်ကပင် သမ္မတလုပ်ချင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ယင်းနှင့်ပတ်သက်၍ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ''ကျွန်တော်က အစက တည်းက သမ္မတရဲ့ကျန်းမာရေး အရရော၊ စိတ်ရင်းစေတနာအရ ရော မူလကတည်းက နားချင်တာ လို့ သိရတယ်။ အစိုးရအနေနဲ့ လွတ် လွတ်လပ်လပ် လုပ်လာရတော့ တိုင်း ပြည်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာတွေ့ရတယ်။ အင်န် အယ်လ်ဒီကို လွှတ်တော်ထဲဝင်လို့ ရအောင်၊ မီဒီယာလွတ်လပ်ခွင့်ရ အောင်၊ အကျဉ်းသားတွေလွှတ် ပေးတာတွေကအစပေါ့။ အခုတော့ ပေါ်ပေါ်တင်တင်ပြောနေတဲ့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့အကြားမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ နားလည်မှုတစ်စုံတစ် ရာရှိနေတယ်လို့ထင်တယ်။ ပြည် ခိုင်ဖြိုးအနေနဲ့လဲ ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင် ကြိုးစားကြ မှာပေါ့။ ဒေါ်စုတို့အနေနဲ့လဲ အ နိုင်ရခဲ့လဲ သူ သမ္မတလုပ်လို့မရ တောင် လွှတ်တော်ဥက္ကဋ္ဌလုပ်ပြီး တခြားတစ်ဦးဦးကို တင်လို့ရတာ ပဲလေ''ဟု သုံးသပ်ပြောသည်။

နိုင်ငံရေးလေ့လာသူတစ်ဦး က ''ဒီလိုဆုံးဖြတ်တာဟာ သူ့အ တွက် ကောင်းတယ်လို့မြင်တယ်။ သူ့ကျန်းမာရေးအရ ဒီလိုဆုံးဖြတ် တာကောင်းပါတယ်။ ဒါပေမဲ့ တိုင်း ပြည်အတွက် မကောင်းဘူးလို့လဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်က ရိုးသားပြီး တိုင်းပြည် အတွက် တကယ်လုပ်ပေးချင်တဲ့ သူ၊ တစ်ဖက်ကလဲ တိုင်းပြည်ကို တကယ်ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုး တက်အောင် လုပ်ပေးချင်တဲ့သူ ဆိုတော့ ဒီနှစ်ဦးပြိုင်တာ ဘယ် သူနိုင်နိုင် တိုင်းပြည်အတွက် စိတ် ပူစရာမရှိဘူးလို့မြင်တယ်''ဟု ပြော သည်။

Yangon Media Group