တောင်ပြုန်းပွဲတော်လာ မိန်းမလျာ ဖမ်းဆီး ထိန်းသိမ်းမည် မဟုတ်ပါ

ပို့စ်တင်ချိန် - 7/30/2013 10:08:00 AM

တောင်ပြုံး ပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ လာရောက်မည့် မိန်းမလျာ များကို ဖမ်းဆီးထိန်းသိမ်းခြင်း ပြုလုပ်ရန် အစီအစဉ် မရှိဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး မှရဲမှူး စိုးငြိမ်းက ပြောသည်။
မိန်းမလျာ များအား ဆက်တိုက် ဖမ်းဆီးမှု ပြုလုပ်နေသည့် မန္တလေးမြို့ ကိစ္စရပ်နှင့် ပတ်သက်၍ မကြာမီ ကျင်းပ တော့မည့် တောင်ပြုံး ပွဲတော်၌ လာရောက် လည်ပတ် ရန် မိန်းမလျာ အများစု စိုးရိမ် နေမှုအပေါ် ရဲမှူးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ မန္တလေးမှာ မိန်းမ လျာဆိုတာနဲ့ ဖမ်းနေတာ မဟုတ်ဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်။ ကျွန်တော် တို့က အများပြည်သူ စိတ် အ နှောင့် အယှက် ဖြစ်နေလို့သာ သူတို့ကို ကျွန်တော် တို့ ဖမ်းတာပါ”ဟု ရဲမှူးက ရှင်းပြသည်။
ထို့အတူ တောင်ပြုန်း၌ အများပြည်သူတို့ စိတ် အနှောင့်အယှက် ဖြစ်က မိန်းမလျာ တို့ကို မဖမ်းဆီးဘဲ မနေဟု ရဲမှူးက ဆက်ပြောသည်။ ရိုးရာဓလေ့ ထုံးစံ အရ တောင်ပြုန်း ပွဲကို ဝါခေါင် လဆန်းတွင် နှစ် စဉ်ကျင်းပ နေရာ မိန်းမလျာများသာမက အနယ်နယ် အရပ်ရပ်မှ အများပြည်သူတို့ လာရောက်လေ့ရှိသည်။
မန္တလေးမြို့ လိင်တူ ချစ်သူများကွန်ရက်မှ ကိုရှင်းသန့်က ”ဒါကတော့ သူ တို့အပြောလေ။ ဒီလိုပဲပြောကြတာပဲ။ တောင်ပြုန်းမှာ မဖမ်းလည်း တောင်ပြုန်း သွားတဲ့လမ်း တစ်လျှောက် နဲ့ ကျုံးဘေး မှာ ဖမ်းလို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် စိုးရိမ် တယ်”ဟု ပြောသည်။
ဇူလိုင်လ ပထမ အပတ်မှ စကာ မန္တလေးရဲ တပ်ဖွဲ့က မိန်းမလျာ ၂ဝ ဦး ခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ခံဝန်လက် မှတ်ရေးထိုးခိုင်းခြင်း၊  အချုပ်ထဲ ထည့် ခြင်းနှင့် ထောင် ဒဏ် ချမှတ်ခြင်းများကို ပြုလုပ်ခဲ့သည်။
 ရဲမှူးဦးစိုးငြိမ်းက ”ကျွန်တော်တို့ ဒါက ဥပဒေ အတိုင်းလုပ်တာ၊ အပြင် မှာ ကျွန်တော်တို့ ရဲကို တရားစွဲမယ်လို့ ပြောတယ်။ ဘာပုဒ်မ နဲ့စွဲမှာလဲ။ အဲဒီ ကျုံးတောင်ဘက် မှာ မိန်းမလျာတွေ က မဟုတ်တာ လုပ်တဲ့ အလုပ်တွေ အများ ကြီးရှိတယ်။ အဲဒီဘက်က မိန်းမလျာ တွေ သာမကဘူး မဟုတ်တာ လုပ်တဲ့ ယောက်ျားတွေလည်း ဖမ်းတာပဲ။ ဒါပေ မဲ့ တစ်ခုပဲ ရှိတယ် ဘာမှမလုပ်တဲ့ မိန်းမ လျာတွေကိုတော့ ဖမ်းမှာမဟုတ်တာ တော့ သေချာတယ်”ဟု ပြောသည်။
PN051၊ စိုင်းလမင်း
popularmyanmar