အီးပီအေ ဓာတ်ပုံသတင်းထောက်နှင့် ရွှေတိဂုံ ဂေါပက အဖွဲ့တို့ အပြန် အလှန် တရားစွဲမည်

ပို့စ်တင်ချိန် - 7/06/2013 09:35:00 AM

ဇူလိုင် ၂ ရက်က ထိုင်းဘုရင့်သမီးတော် ချက်ကရီသီရိဒုံ ရွှေတိဂုံစေတီ တော်သို့ လာရောက်ဖူးမြော်စဉ် က ရွှေတိဂုံစေတီတော်တွင် လာ ရောက်သတင်းယူသည့် EPA သတင်းထောက် ကိုလင်းဘိုဘို  နှင့် ရွှေတိဂုံဂေါပက ရုံးမှ တာဝန် ရှိသူတို့ တစ်ဖက်နှင့်တစ်ဖက် အ ပြန်အလှန် တရားစွဲဆိုရန် စီစဉ် လျက်ရှိကြောင်းသိရသည်။

 အဆိုပါဖြစ်စဉ်မှာ ရွှေတိ ဂုံစေတီတော်သို့ ဇူလိုင် ၂ ရက် က ထိုင်းဘုရင့်သမီးတော် သီရိ ဒုံ လာရောက်စဉ်က ရွှေတိဂုံစေတီတော်တွင် လာရောက်သတင်း ယူသည့် EPA သတင်းထောက် ကိုလင်းဘိုဘိုနှင့် ရွှေတိဂုံဘုရား ရဲများ နှင့် ရုန်းရင်းဆန်ခတ် ဖြစ် ပွားမှုနှင့် ပတ်သက်၍ EPA သ တင်းထောက် ကိုလင်းဘိုဘိုက ''ကျွန်တော့်ကို ရွှေတိဂုံဘုရားရဲ တွေက တွန်းထုတ်လိုက်တာ ရှေ့ ကို မှောက်ထိုးလဲ ပြုတ်ကျသွား တာပါ။ ကျွန်တော့်မှာ သူတို့ တွန်းတယ် ဆိုတာ ပစ္စည်းသက်သေ ရော၊ လူသက်သေရောရှိပါတယ်။ ကျွန်တော်က ကင်မရာမှန်ဘီလူး ကွဲသွားတာ သူတို့ကို မလျော်ခိုင်း ပါဘူး။ ဒီကိစ္စကို သူတို့ဘက်က မှားပါတယ်ဆိုတာ ဝန်ခံခိုင်းတာ ပါ။ သူတို့ဘက် က ဝန်မခံ ရင် တော့ ကျွန်တော့် ဘက်က တရားစွဲမှာ ပါ''ဟု ပြောသည်။

ကိုလင်းဘိုဘို ကဆက်လက် ၍'' ရွှေတိဂုံစေတီတော် အနေဖြင့် လဲ ထိုင်းဘုရင့်သမီးတော်လို အ ရေးကြီးပုဂ္ဂိုလ် လာရောက်တဲ့အ ချိန်မှာ CCTV ကို မိုးရွာလို့ ပိတ် ထားတယ်ဆိုသည်မှာ မဖြစ်သင့် ကြောင်း။ CCTV မှာသာ ပြန် ကြည့်လို့ ကျွန်တော်မှားတယ်ဆို ရင် ကျွန်တော် သူတို့ကို တောင်း ပန်မှာပါ''ဟု ပြောသည်။

''ဦးတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း ပဲ ဆောင်ရွက်မှာပါ၊ CCTV က မိုးတွင်းကာလမှာ မိုးကြိုးပစ်လို့ ဖြုတ်ထားပါတယ်။ မိုးရွာနေချိန် မှာပိတ်ဖို့ အထက်က ပြောထား လို့ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကို လင်းဘိုဘို ဘက်က တရားစွဲရင် ပြန်စွဲမှာပါ။ ငြိမ်ခံနေရင်ကျွန် တော်တို့က ဟုတ်လို့ငြိမ်ခံနေတယ် ထင်မှာစိုးလို့ပါ''ဟု ဦးဝင်းကြိုင် ကပြောသည်။

ရွှေတိဂုံစေတီတော်ဂေါပ ကရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ''ထိုင်းဘုရင့်သမီးတော်နဲ့ ဧည့် သည်တော်တွေက ကျောက်စိမ်း တန်ဆောင်းနားမှာ ဖူးမြော်နေ တဲ့အချိန်မှာ သတင်းထောက် ကိုလင်းဘိုဘိုက ချော်လဲသွားပါ တယ်၊ ကျောက်စိမ်း တန်ဆောင်း က အမြင့်နှစ်ပေရှိပါတယ်၊ ဧည့် သည်တော်နဲ့ သင်တန်းသား ၇၀ ပါ,ပါတယ်၊ ဘုရားရဲတွေ လက် ယှက်ထားတဲ့နားမှာ သူကအလျင် စလိုရှိနေတဲ့အတွက် နောက်ကို ချော်လဲသွားတာပါ၊ လည်ပင်းက ကင်မရာ နဲ့ ကြမ်းပြင်နဲ့ ရိုက်မိပါ တယ်။ ကျွန်တော်တို့ဆီက လုံ ခြုံရေးက ထူပေးလိုက်ပါတယ်၊ သူက ကျွန်တော်တို့ဆီက တွန်းလို့ ဖြစ်တယ်ဆိုပြီး ပြောပါတယ်''ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေ တိဂုံစေတီတော် ဂေါပကရုံးမှရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က '' သူက ဘယ်ကောင်တာဝန်ယူမလဲ၊ ဘယ် ကောင်ရှင်း မလဲဆိုပြီး ပြောပါ တယ်။ ဧည့်သည်တော်ရှိလို့ တောင်း ပန်ပါတယ်၊ သူက တောင်း ပန်လို့ ဖြစ်တာ မဟုတ်ပါဘူး၊ ဘုရားက ရဲတွေ ဗိုလ်ကျတာ၊ သူကကင်မ ရာကွဲ တာ ဘယ်သူတာဝန်ယူမှာ လဲလို့ ပြောပါတယ်၊ ဒါကို ဘယ် သူ ဖြေရှင်းပေးမှာလဲလို့ တောက် လျှောက်ပြောပါတယ်၊ အင်္ဂါထောင့် က ဧည့်သည် တော် ပြန်သွား ပါတယ်၊ အဲဒီအချိန်မှာ ဘုရားရဲကို သူက ဘယ်ကောင်တာဝန် ယူမှာ လဲမေးပါတယ်။ ဘုရားရဲက မင်း ဟာမင်း လဲတာလို့လဲပြောရော သူက ခင်ဗျားအသက်ကြီးပြီ၊ ကျုပ် အဖေလောက်ရှိတာ၊ ဘုရား ပေါ် မှာ မလိမ်ပါနဲ့ဆိုပြီး ပြောပါ တယ်'' ဟု ဆက်လက်ပြော ကြားသည်။

သက်သျှိုင်းသူ
yangonmedia group