ဒေါ်လာ ၄၀၀ တန် ငါးမန်း မကိုက်မယ့် ဝတ်စုံ

ပို့စ်တင်ချိန် - 7/21/2013 09:00:00 AM


သြစတြေးလျကုမ္ပဏီ တခုကနေ ငါးမန်းရန်က ကာကွယ်ပေးနိုင်တဲ့ ပထမဆုံး ဝတ်စုံကို ထုတ်လုပ်ရောင်းချလိုက်ပါပြီ။

ရေလွှာလျှောစီးသူတွေနဲ့ ရေငုပ်သူတွေကို ငါးမန် တိုက်ခိုက်မယ့် အန္တရယ်ကနေ အကာ အကွယ်ပေးအောင် ဒီဝတ်စုံ ဒီဇိုင်းထွင် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

ငါးမန်းတွေ ကနေ သူတို့ သားကောင်ကို ဘယ်လို ဘယ်ပုံ ရှုမြင်ကြတယ် ဆိုတဲ့ အချက်ကို သုတသနပြုပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အမဲနဲ့ အဖြူ အဆင်းကျား ဝတ်စုံ ဒီဇိုင်းကတော့ ဒါဟာ စားလို့ မကောင်းတဲ့ အစာဆိုပြီး ငါးမန်းကို သိစေမှာဖြစ်ပြီး၊ နောက်ပုံစံ ကတော့ ငါးမန်း မတွေ့အောင် လုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

မနှစ်တုန်းက ဆိုရင် ကမ္ဘာ့ တဝန်း ငါးမန်းကိုက်မှု ၈၀ လောက် ဖြစ်ပွားခဲ့ပါတယ်။ ဒီဝတ်စုံတွေကို ငါးမန်းကျးကြီး တွေနဲ့ အောင်မြင်စွာ စမ်းသပ် အသုံးပြု ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဝတ်စုံ တထည်ကို ဒေါ်လာ ၄၀ဝ လောက်ပေးရမယ်လို့လည်း သိရပါတယ်။