နီလာကျောက်ဝတ်ဆင်ခြင်းဖြင့် ဆေးဘက်ဆိုင်ရာ အကျိုးဆက်များ ရရှိစေခြင်း

ပို့စ်တင်ချိန် - 7/31/2013 09:30:00 AM


ယေဘူယျအားဖြင့် အဆစ်အမြစ်ရောဂါ ဓာတ်မ တည့်သောရောဂါ၊ ကြို့ထိုးခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်ဟု ဖော်ပြ ထားသည်။ အပြာရောင်နီလာကိုနဖူးပေါ်တွင် တင် ထားပါကခေါင်းကိုက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ နှာ ခေါင်းသွေးလျှံခြင်းတို့ကို ပျောက်ကင်းစေသည်။
- အဆိပ်အတောက်ဖြစ်ခြင်း၊ ပိုးမွှားကိုက်ခြင်းတို့အတွက် ကုစားနိုင်သည်။
- ရှေးအီဂျစ်တို့၏ အယူအဆအရ မျက်လုံးကိုလည်း ဆေးကြောနိုင်သည်ဟု ယုံကြည်ကြသည်။
- စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်သည့် စိတ်ကစဥ့် ကလျားဖြစ်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ရန်ငြိုးဒေါသကြောင့် စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့ကို သက်သာစေနိုင်သည်။
အထူးသဖြင့် ဝတ်ဆင်သော လက်ချောင်းပေါ်တွင် မူတည်ပြီး ရောဂါများကို သက်သာစေသည်။
(၁) လက်ညှိုး - ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
(၂) လက်ခလယ် - စိတ်၊ အသည်း၊ သရက်ရွက်တို့ကို စွမ်းအင်ပေးနိုင်သည်။
(၃) - လက်သူကြွယ် - ကျောက်ကပ် နှင့် သွေးလှည့် ပတ်မှုဆိုင်ရာ စနစ်ကို ထောက်ကူပေးသည်။ အထူးသဖြင့် စိတ်ကြည်လင်ပေါ့ပါးပျော်ရွှင်စေဖို့အတွက် လက်သူကြွယ် တွင် ဝတ်ခြင်းက အကောင်းဆုံးဖြစ်သည်။
(၄) - လက်သန်း - မျိုးပွားမှုစနစ်၊ ဒူး၊ ခြေထောက်၊ ခြေတံအတွက်
လက်မအတွက်မူ ထွေထွေထူးထူး ဖော်ပြထားခြင်း မရှိချေ။
လည်တွင်ပတ်ဆင်ပါက သိုင်းရွိုက်ပြဿနာ အဖျား တက်ခြင်း လေသင်တုန်းဖြတ်ခြင်း၊ ယုံမှားလွန်စိတ် ဝေဒနာများအတွက် အကျိုးဖြစ်စေသည်။
ဒေါန
Health Updates Journal