ဆမ်ဆောင်းဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ

ပို့စ်တင်ချိန် - 7/08/2013 09:42:00 AM


လူသုံးများ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ်ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိ
နေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Samsung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်သော Mobitel Distribution မှ ကိုကောင်းဆက်က ပြောသည်။ 

ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့အပိုင်းလေးတွေရှိတယ်။ မြန်မာစာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲအမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါတွေ ပြင်နေတယ်။
နောက်ထပ် ၁၅ရက်လောက်ဆို အားလုံးအကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ရက် က ပြောသည်။ 

ဆမ်ဆောင်း ဟန်းဆက်များတွင် မြန်မာစာစနစ် တစ်ပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းက ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 နှင့် Samsung Grand 
ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်သွင်းပေးထားသည်ဟု ဆမ်ဆောင်းကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။

၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာ
စကား ထည့်သွင်းဖို့ လုပ်နေတယ်။ ဆမ်ဆောင်းဟန်းဆက်မော်ဒယ် အကုန်လုံးမှာ ထည့်သွင်းပေးသွားဖို့ရှိတယ်။
လောလောဆယ်တော့ အရောင်းများတဲ့မောဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်ီ”ဟု ပြောသည်။

ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root
ဖောက်သည့်အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့်အခက်အခဲများ ပြေလည်သွားမည်
ဖြစ်သည်။

ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်
မရနိုင်တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီ
တွေမှာ ဒီနေ့ရောင်းလိုက်ပြီဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ် Serivce Centre ကို
ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့အခါ ဖြစ်လာတဲ့ပြဿနာတွေကို
သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု  ပြောသည်။ 

ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်းသို့
မြန်မာစာစနစ် တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်း ပြည်တွင်း
ဟန်းဆက်အရောင်းဆိုင် အများစု က သုံးသပ်ကြသည်။

mizzimaburmese