ခင်ပွန်မှ ဓါးဖြင့်ထိုး၍ လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် ဇနီးသေဆုံး

ပို့စ်တင်ချိန် - 7/25/2013 01:43:00 PM


၂၄.၇.၂၀၁၃ ရက်နေ့ ၀၈၂၅ အချိန် ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသမီးတစ်ဦး လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်အေးအေးတင့်၊ ၄၅နှစ်၊ (ဘ)ဦးသောင်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၇၃၀ အချိန်ခန့်တွင် နေအိမ်၌ခင်ပွန်းဖြစ်သူ ဇော်ဇော်ဝင်း၊ ၄၃နှစ်၊ (ဘ)ဦးအောင်ဖေ အရက်သောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများကြစဉ် ဇော်ဇော်ဝင်းမှ ကြက်သွန်လှီးဓါးဖြင့် လည်ပင်းအားထိုး၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန် မြို့မရဲစခန်း (ပ)၈၀၀/၂၀၁၃၊ ပုဒ်မ၃၀၂ ဖြင့်အရေးယူကာ ဇော်ဇော်ဝင်းအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police