ဆွာရက်ဇ်အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုပြုလုပ်ခဲ့သည့် အာဆင်နယ်

ပို့စ်တင်ချိန် - 7/26/2013 10:07:00 AM


အောင်သုတ

အာဆင်နယ်အသင်းသည် လီဗာပူးလ်အသင်းမှ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား မူလကပြောင်း ရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး အဆိုပါကမ်းလှမ်းမှုအား လီဗာပူးလ်အသင်းမှပယ်ချခဲ့ပြီး နောက် အပိုတစ်ပေါင်တိုးပြီး ထပ်မံကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယခုနှစ်ရာသီတွင် တိုက်စစ်မှူးအင်အား ဖြည့်တင်းရန် ပြင်ဆင်နေသည့် အာဆင်နယ်အသင်းသည် ရီးယဲလ်တိုက်စစ်မှူး ဟီဂူအင်ကို မူလကခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော် လီဗာပူးလ်အသင်းမှ လက်မခံခဲ့သဖြင့် အသင်းစံချိန်တင်ကြေးဖြစ် သည့် ပေါင်သန်း ၄၀ ဖြင့် ထပ်မံကမ်းလှမ်းခဲ့သည်။ သို့ရာတွင် လီဗာပူးလ်အသင်းမှ ထပ်မံ ပယ်ချခဲ့ သဖြင့် ယခုနောက်ဆုံးတွင် ပေါင်သန်း ၄၀ ကို အပိုတစ်ပေါင်ထပ်ဆောင်းကာ ဆက်လက်ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းကလည်း ဆွာရက်ဇ်အား ရောင်းချရန် အစီအစဉ်မရှိကြောင်း ကြေညာထားခဲ့သော် လည်း ဆွာရက်ဇ်ကမူ အန်ဖီးလ်မှ ထွက်ခွာလိုကြောင်း အစောပိုင်းက ထုတ်ဖော်ဝန်ခံထားခဲ့သည်။

ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏပြဿနာများဖြစ် ပွားလေ့ရှိခြင်းကြောင့် အသင်းတာဝန်ရှိသူများ၏ ငြိငြင်မှုနှင့် ရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အေဂျက်ဇ်အသင်းမှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့ကတည်းကလက်ရှိ အချိန် အထိ ၉၆ ပွဲတွင် ၅၁ ဂိုးအထိ သွင်းယူပေးထားနိုင်သည်။ နောက်ဆက်တွဲသတင်းများအရ အာ ဆင်နယ်အသင်းသည် ၎င်းတို့၏ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပယ်ချခံရသော်လည်း အပြောင်းအရွှေ့ဖြစ် မြောက်လာမည်ဟု ယုံကြည်နေကြောင်း သိရသည်။
Mizzima - News in Burmese