သုံးဖက်မြင်ရုပ်ကြွ တီဗီ တီထွင်အောင်မြင်

ပို့စ်တင်ချိန် - 7/26/2013 07:16:00 PM


ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ လူပုံစံအရွယ်အစားကို မျက်စိရှေ့ မှာ သိသိသာသာ မြင်စေမယ့် နည်းပညာ ဖြစ်ပါတယ်။

နည်းပညာအခေါ်အဝေါ်အရကတော့ Life-Size Holograms ဖြစ်ပြီး Star War, Star Trek ရုပ်ရှင် တွေထဲကလိုပဲ လူပုံစံအရိပ်အရောင်ကို ကိုယ့်မျက်စိရှေ့ မှာ ရှိပြီး စကားပြောနေသယောင် မြင်တွေ့ရစေမှာ ဖြစ် ပါတယ်။

ဖန်တီးသူကတော့ အမေရိကန်ပြည်ထောင်စု၊ လော့အိမ်ဂျလစ်မြို့ အခြေဆိုက် Provision 3D Media မှ ဖြစ်ပြီး Digital Box ကိုတီထွင်အောင်မြင်ခဲ့ပါတယ်။ ယင်း Box တစ်ခုကို ဈေးနှုန်း အမေရိကန်ဒေါ်လာ ၉သိန်းခွဲ ရှိတယ်လို့ ဆိုပါတယ်။ ဈေးတော့ မနည်းပါဘူး။ စမ်းသပ်မှုတစ်ခုအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်တဲ့ အတွက် ဈေးကြီး သွားရခြင်း ဖြစ်ပါတယ်။ ၃ လက်မရွယ်ပုံရိပ်ကနေ ၅၂ လက်မ အရွယ်အထိမြင့်တဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Sci Fi ရုပ်ရှင်တွေကြည့်ရှုတဲ့အခါမျိုး သင့်လျော်ပြီး Game Console Industry အတွက်လည်း သင့်လျော်မယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။ Xbox, Wii ဂိမ်းများက ကင်မရာက Sense ကိုကြည့်ပြီး ဖန်သားမျက်နှာပြင်မှာ ပေါ်စေတာ ဖြစ်ပါတယ်။ ယခုက မိမိမျက်စိရှေ့ မှာတင် Clone တစ်ကောင်လို မြင်ရစေမယ့် နည်းပညာ ဖြစ်ပြီး Face to Face Communication အထိ ရရှိဖို့တောင် ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။

နောက် virtual communication စနစ်တွေမှာပါ အသုံးဝင်လာနိုင်မယ့် Hologram များဟာ လူမူနေထိုင်မှုဘဝကို အကြီးမားဆုံး ပြောင်းလဲစေမယ် လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)