မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့

ပို့စ်တင်ချိန် - 7/02/2013 05:45:00 PM


မျက်ဝန်းဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါ အစိတ်အပိုင်း ဖြစ်သလို မျက်ဝန်းအလှကလည်း လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှု အတွက် အရေးပါနေပါတယ်။ ဒါကြောင့် မျက်ဝန်းအလှ ပျက်စေတဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

မျက်ဝန်း အလှပျက်ရသော အကြောင်းရင်း
မျက်အိတ်ဖြစ်တာ၊ မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်း ညိုတာစတဲ့ အခြေအနေတွေ ဖြစ်စေတဲ့ အကြောင်းရင်း အများကြီး ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ရေဆွဲတာ၊ အဆိပ် စုပုံတာ၊ ရာသီဥတု အပြောင်းအလဲ၊ ဟော်မုန်း၊ ဓာတ်မတည့်တဲ့ တုံ့ပြန်မှု၊ ကျန်းမာရေး အခြေအနေနဲ့ ဆေးကုသမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေက မျက်ဝန်းပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်း တခိျု့ ဖြစ်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်ရင်လည်း တစ်ခါတစ်ရံ မျက်ဝန်းကို ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။မှောက်အိပ်ရင်လည်း တစ်ခါတလေ မျက်ဝန်း ဖောင်းအစ်စေနိုင်ပါတယ်။

မျက်ဝန်းအလှမပျက်စေရန်ကာကွယ်မှူ
 မျက်ဝန်း ဖောင်းအစ်မှု၊ မျက်အိတ်ဖြစ်တာနဲ့ မျက်ကွင်းညိုတာတို့ကို ကာကွယ်နိုင်မယ့် အခြေခံ နည်းလမ်း တစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားဖို့နဲ့ ရေဓာတ် ပြည့်ဝအောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။
 ရေများများ သောက်တာဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး မျက်ဝန်းဆီသို့ ရေ စုဆောင်းနိုင်ခြေကို လျော့ကျစေပါတယ်။ ကဖင်းဓာတ် ပါတဲ့ အရည်ကို ထိန်းချုပ် သောက်သုံးရင်လည်း ရေစုဆောင်းမှုကို လျော့ကျစေနိုင်ပါတယ်။
 ဆိုဒီယမ်ဟာ ခန္ဓာကိုယ်တွင်းကို ရေ အပို စုဆောင်းမှု ဖြစ်စေတဲ့ ဓာတ်ဖြစ်တာကြောင့် စားသောက်တဲ့ အစားအသောက်ထဲမှာ ဆား လျှော့စားတာကြောင့် မျက်အိတ် ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

မျက်ဝန်းအလှ အတွက် အိမ်တွင်းကုထုံး
မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတို့ ကင်းဝေးပြီး မျက်ဝန်းအလှ ပိုင်ဆိုင်ဖို့ရာအတွက် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းတွေရှိပါတယ်။
 သခွားသီး ပါးပါးလှီးပြီး မျက်ဝန်း တစ်ဖက်စီမှာ ကပ်ထားပေးပါ။ ငါးမိနစ်ခန့် ကြာမှ ခွာလိုက်ပါ။
 လက်ဖက်စိမ်း လက်ဖက်အိတ် ဒါမှမဟုတ် တခြား အေးမြတဲ့ လက်ဖက်အိတ်ကို မျက်ဝန်းတွေပေါ် အချိန် ငါးမိနစ်ခန့်ကပ်ပေးပါ။
 နံနက်ခင်းမှာ မျက်ဝန်းလိမ်း ခရင်မ် လိမ်းမယ် ဆိုရင် ရေခဲသေတ္တာထဲက ထုတ်ယူပြီး လိမ်းပါ။
 ညအိပ်တဲ့ အခါ ခေါင်းအုံးကို အနည်းငယ် မြှင့်အိပ်တာက မျက်ဝန်း ဖောင်းအစ်မှုကို လျော့ကျစေပါတယ်။
 အေးမြ သန့်ရှင်းတဲ့ စတီး ဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်ဝန်း နှစ်ဖက်ပေါ် ကပ်ပေးပါ။

SweSone Media Group