တာမွေရာပြည့် အားကစားကွင်းပြန်လည်ဖော်ထုတ်ရေးအဖြစ်

ပို့စ်တင်ချိန် - 7/26/2013 10:15:00 AM

ဒုတိယအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီတွင် တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်းရှိ၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။

အများပြည်သူများ အပန်းဖြေအနားယူနိုင်သည့် အားကစားကွင်းကို မည်သည့်အကြောင်းနှင့်မှ အဆောက်အဦးဆောက်လုပ်ရန် မသင့်တော်သည့်အတွက်သက်ဆိုင်ရာဌာနအသီးသီးနှင့် ဆောက်လုပ်သည့်ကုမ္ပဏီမှတာဝန်ရှိသူများအနေဖြင့် ပြန်လည်စဉ်းစားပေးစေလိုကြောင်း ယင်းရပ်ကွက်ရှိ နှစ်ပေါင်း ၅၀ နီးပါးနေထိုင်ခဲ့သော ဦးမျိုးသန့်ကပြောသည်။

တာမွေရာပြည့်အားကစားကွင်းနှင့်ပတ်သက်၍ ပထမအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း စည်ပင်သာယာမှတုန့်ပြန်မှု မရှိသည့်အတွက် ယခုကဲ့သို့
ဒုတိယအကြိမ်အဖြစ် စာနယ်ဇင်းရှင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အသီးသီးနှင့် ဆောက်လုပ်မည့်ကုမ္ပဏီသို့ စာတင်ထားကြောင်း ရပ်ကွက်တွင်နေထိုင်သူ ဦးသန်းဌေးကပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ တာမွေရာပြည့်ဈေးအဆင့်မြင့်ဈေးတည်ဆောက်ရေး စီမံကိန်းအဖြစ် အောင်ကောင်းကျော်
ကုမ္ပဏီတာဝန်ယူဆောက်လုပ်နေကြောင်း ယင်းရပ်ကွက်ရှိ ပြည်သူများကပြောသည်။

ရန်နိုင်
ပေါ်ပြူလာ