ခါးပိုက်နှိုက်မှု (၁)မှုဖော်ထုတ်ဖမ်းဆီး

ပို့စ်တင်ချိန် - 7/25/2013 01:45:00 PM


ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်
ခါးပိုက်နှိုက်ဖမ်းဆီးရေးဆောင်ရွက်ရန် ၂၀၄ ယာဉ်လိုင်းပေါ်၌ အသွင်ယူ
စီးနင်းလိုက်ပါလာစဉ် ဗဟန်းမြို့နယ်၊ လင့်လမ်းကားမှတ်တိုင်မှတက်
ရောက်လာသည့် ခါးပိုက်နှိုက် မသင်္ကာ ကျော်စိုး(ခ)ဘိုးတော်၊
(ဘ)ဦးလူမြ၊ (၅၄)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူသည်
၎င်းယာဉ် ပေါ်တွင်ပါလာသည့် ဦးဇင်းတစ်ပါး၏ပုခုံး၌လွယ်ထားသော
လွယ်အိတ်အတွင်းမှ အနက်ရောင်ခေါက် ပိုက်ဆံအိတ်တစ်လုံးနှင့် ဦးကုမာရ၏ ရဟန်းဇာတာမှတ်တမ်းလွှာ မိတ္တူစာရွက်(၁)ရွက်၊ ငွေကျပ် ၇၅၀၀ ပါပိုက်ဆံအိတ်အား ၎င်းလွယ်ထားသည့် အနက်ရောင်ဘေးလွယ်
အိတ်ဖြင့် အကာကွယ်ပြု၍ နှိုက်ယူစဉ်ဖမ်းဆီးရမိသဖြင့် ဒဂုံမြို့မရဲစခန်း
(ပ) ၁၆၅/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အရေးယူ ဆောင်ရွက်ထား
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police