မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများပြုလုပ်ရန် ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် လိုအပ်သည်များ စုဆောင်းပြင်ဆင်

ပို့စ်တင်ချိန် - 7/12/2013 11:11:00 AM


Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံဟုဆိုကာ ဖော်ပြထားသည်ကို တွေ့ရစဉ်

မကြာသေးမီက ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးသည် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်၍ အမာခံ အုပ်စုများနှင့် တွေ့ဆုံကာ ၄င်းတို့၏ အထောက်အပံ့များ ရရှိရန် စည်းရုံးခဲ့သည်။
အဆိုပါ စစ်သွေးကြွများသည် တိုက်ခိုက်ရေး သမားများ၊ လက်နက် ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း The Straits Times/ ANN တို့တွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ နှစ်ဦးသည် ဗလီဆရာဖြစ်သူ Abu Arif နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့သည် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံသို့ ထိုကဲ့သို့ သွားရောက်မှုကို အစွန်းရောက် အင်တာနက် စာမျက်နှာဖြစ်သည့် Ar Rahmah Media Network တွင် ဖော်ပြထားသည်။ အဆိုပါ သွားရောက်မှုသည် မြန်မာနိုင်ငံတွင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် အခြားဒေသတွင်း နိုင်ငံများသို့ပါ ကူးစက်နေကြောင်း ဖော်ပြသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်ကြောင်း ဖော်ပြထားသည်။ အင်ဒိုနီးရှား နိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်းက ကျယ်ပျံ့သည့် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် တားဆီးနိုင်ခဲ့သော်လည်း အစွန်းရောက် စစ်သွေးကြွ အရေးသည် စိုးရိမ်နေရသော ကိစ္စတစ်ခု ဖြစ်သည်။ မေလအတွင်းက အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို အစွန်းရောက်များမှ ဗုံးဖောက်ခွဲရန် ကြံစည်မှုအား အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိများက တားဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး 'ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်း' ထားသည်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့အစည်းရဲ့ အကြီးတန်း အကြံပေးဖြစ်သူ Sidney Jones အား စင်္ကာပူရှိ The Straits Time သတင်းစာမှ မေးမြန်းရာတွင် ''JI နဲ့ RSO တို့ဟာ ဟိုးအရင် အာဖဂန်နစ္စတန် ပြဿနာ ကတည်းက ပူးတွဲ လုပ်ဆောင်တာတွေ ရှိပါတယ်'' ဟု ၎င်းကထည့်သွင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသား Muhammad Jibril သည် JI အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး အယ်ကိုင်ဒါနှင့် တာလီဘန် အဖွဲ့ဝင်များနှင့် ဆက်သွယ်မှုများ ရှိသောကြောင့် ၂၀၁၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုမှ အမည်ပျက်စာရင်း သွင်းခဲ့သူတစ်ဦး ဖြစ်သည်။
RSO သည် ၁၉၈၂ ခုနှစ် စတင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ၄င်း၏ အဖွဲ့ဝင်များသည် အခြားစစ်သွေးကြွ အဖွဲ့များနည်းတွင် အရှေ့အာရှဒေတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် လကုန်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ချိန်တွင် Indinedia Mujahiden Council၊ Islamic Comm-unity Forum၊ Islamic Defenders Front ကဲ့သို့သော တည်ရှိပြီး အစွန်းရောက် အုပ်စုများနှင့် တွေ့ဆုံခဲ့ကြောင်း၊ လေ့လာ သုံးသပ်သူများက အဆိုပါ အုပ်စုသုံးစုသည် မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာများအပေါ် စာနာသနားမှု အရှိဆုံးသူများဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသူများ ဖြစ်သည်ဟု ဖော်ပြကြသည်။
အကြမ်းဖက်မှု လေ့လာသုံးသပ်သူ Rohan Gunaratna က အစွန်းရောက် ရိုဟင်ဂျာ အုပ်စုများသည် ဒေသတွင်းရှိ အဆက်အသွယ်များအား ပြန်လည်ထူထောင် နေသော်လည်း ပြည်တွင်းထောက်ခံမှု မရရှိကြောင်း ပြောကြားခဲ့သည်။
''ဒါပေမယ့် ဒီအချက်ဟာ ပြောင်းလဲလာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။'' ဟု အကြမ်းဖက်မှု လေ့လာသုံးသပ်သူ Rohan Gunaratna က ဆက်လက် ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှား အစိုးရမှ ဖမ်းဝရမ်း ထုတ်ထားသည့် စစ်သွေးကြွ အကြမ်းဖက်ခေါင်းဆောင် Santoso က ၎င်း၏ နောက်လိုက်များအား အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိများအား ပြန်လည်တိုက်ခိုက်ရန် ပြောကြားထားသည့် ဗွီဒီယိုအား Youtube ပေါ်တွင် တင်ပြခဲ့သည့် အတွက် အဆိုပါ ဗွီဒီယိုအား ကြည့်ရှုခွင့်