လိုရာဆွဲရေးသော ဟန်နာဘိခ်ျ ဆောင်းပါးနှင့် နောက်ဆက်တွဲ ပြဿနာများ

ပို့စ်တင်ချိန် - 7/04/2013 02:17:00 PM


ဇူလိုင် ၁ ရက်နေ့ထုတ်ဝေဖြန့်ချိမည့် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးဖြစ်သည့် The Face of Buddhist Terror  ဆောင်းပါးနှင့်ပတ်သက်၍ အစိုးရကဖွဲ့စည်းလိုက်သော အရေးပေါ်ကာလစီမံ ခန့်ခွဲရေးဗဟိုကော်မတီ ၁/၂ဝ၁၃မှနေ ၍ ထိုစာအုပ်ကို ပိတ်ပင်ကြောင်း ကြေ ညာလိုက်ပါသည်။ ထိုကြေညာချက်တွင် ‘အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်းအတွဲ-၁၈၂၊ အမှတ်-၁ ပါ The Face of Buddhist Terror  ဆောင်းပါးကို ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အတွင်း မူရင်း စာစောင်နှင့် ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်းမလုပ်ရန် အများပြည်သူအကျိုးငှာ ကြေညာလိုက်သည်” ဟု ထုတ်ပြန်ကြေညာချက်ကို ဖတ်လိုက်ရသည်။
တိုင်းမ်မဂ္ဂဇင်းတွင် ထိုဆောင်းပါးကို ရေးသူမှာ ဟန်နာဘိခ်ျဆိုသော Time သတင်းထောက်ဖြစ်၏။ ထိုအမျိုးသမီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး သူမစွပ်စွဲရေး သားသောအရှင်ဝီရသူနှင့်လည်း တွေ့ဆုံခဲ့သည်။မြန်မာပြည်တွင် ဖြစ်ပွားသောဘာသာရေးနွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မေးမြန်းခြင်း၊ ကိုယ်တိုင်လေ့ လာခြင်းများ ပြုလုပ် သည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဟန်နာဘိခ်ျရေးသားချက်သည် မိမိလိုရာဆွဲ၍ ရေးသားသောဆောင်းပါးဖြစ်သည်။ ဘာသာရေးအမြင်မတူမှု၊ ကွဲပြားမှုများကို ဘာသာရေးအကြမ်းဖက်မှုအ ဖြစ်ကောက်ချက်လွဲချကာ ရေးသားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရက အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကိုပင်ဖွဲ့ကာပြဿနာများ မဖြစ်ပွားအောင်၊ ကြီးသည့်အမှုငယ် အောင်၊ ငယ်သည့်အမှုပပျောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုရပေ မည်။ တိုင်းပြည်တွင် ထိုကဲ့သို့လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပွား အောင် ကာကွယ်ခြင်းသည် ကောင်း သည့် အပြုအမူဖြစ်ပါသည်။ သို့သော် ထိုသို့ ကော်မတီ များဖွဲ့၍ ကာကွယ် တားဆီးမှုသည် -
(၁)    ပြဋ္ဌာန်းထားသော ဥပဒေများအ တိုင်း အပိုအလိုမရှိ အတိအကျဆောင် ရွက်နိုင်ရမည်၊
(၂)    လူ့အခွင့်အရေးကို လေးစားလိုက် နာခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းရှိရ မည်၊
(၃)    သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များနှင့်သတင်းသမားများ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးနှောင့်ယှက် ခြင်း မဖြစ်စေရ၊
(၄)    လူတစ်ဦးချင်းနှင့် ပြည်သူတစ်ရပ် လုံး၏ လွတ်လပ်စွာရေးသားခြင်း၊ လွတ် လပ်စွာ ဖတ်ရှုလေ့လာခြင်းစသော လွတ်လပ်ခွင့်များကို ဟန့်တားပိတ်ပင် ခြင်းမရှိစေရ၊
(၅)    နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ဟန့်တား နှောင့်ယှက်ခြင်းမရှိစေရ
ဆိုသောအချက်များကို အလေးအနက်ထားပြီး ကာကွယ်ရပေလိမ့်မည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဇွန် လ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးခေတ္တရပ်နားချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က မီဒီယာများကို ပြောပြ သည့် ”ဘာသာတရားကို ကာကွယ်တာ ဟာ အဓိကယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာ ရင်ဘယ်အရာကမှ၊ ဘယ်သူကမှ လာ လှုပ်လို့မရပါဘူး” ဆိုသော ပြောကြား ချက်ကို အလေးအနက်ထားသုံးသပ်ဖို့ လိုပါသည်။
စင်စစ်အားဖြင့် ဘာသာတ ရားတိုင်းသည် မည်သည့်ဘာသာမဆို အကြမ်းဖက်မှု၊ အနိုင်အထက်ပြုကျင့်မှု၊ စစ်ခင်းမှု၊ လူသားအချင်းချင်းသတ်ဖြတ် မှုကို ဆန့်ကျင်ကြ သည်ချည်းဖြစ်သည်။ ဘယ်ဘာသာကမှ လူသတ်ဖို့ မတိုက် တွန်းပေ။ လူသားကို ကယ်တင်ရန်သာ တိုက်တွန်း၏။ ထိုကဲ့သို့ လေးနက်သော တရားများ ဘာသာတိုင်းတွင် ရှိပါလျက် လူသားအချင်းချင်း ဘာသာမတူရုံမျှနှင့် သတ်ဖြတ်ဖို့၊ သုတ်သင်ရှင်းလင်းဖို့ နှိုး ဆော်လာမည်ဆိုလျှင် ထိုနှိုးဆော်သူသည် မိမိကိုးကွယ်သောဘာသာကို ဆန့်ကျင်သည့်အကြမ်းဖက်သမားများ၊ တိတ္ထိများသာဖြစ်ပေလိမ့်မည်။
ယခုတိုင်းမ်မဂ္ဂဇင်းတွင်ရေးသား လိုက်သော ဟန်နာဘိခ်ျ၏ ကောက် ချက်များမှာ အလွဲလွဲအမှားမှား ဖြစ်နေ ပါသည်။ အကြမ်းဖက်မှုကို (လုံးဝ) ဆန့် ကျင်တားမြစ် ထားသော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ကြိုးပမ်း သည့် သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်  များကို အကြမ်းဖက်သမားများအဖြစ် သဘော သက်ရောက်အောင် ရေးသား လိုက်ခြင်းဖြစ်သည်။ သူမသည် ဗုဒ္ဓဘာ သာကိုလည်း မလေ့လာဖူး၊ ဗုဒ္ဓဘာသာ ၏ သဘောတရားကိုလည်း မသိပေ။ သူမအမြင်ကျဉ်းကျဉ်းဖြင့် ရေးသားခြင်း ဖြစ်ကာ မှားယွင်းသော ရှုထောင့်ဖြင့် ဖြစ်ပျက်နေသောအဖြစ်များကို ကောက် ချက်ချနေသည်မှာ သူမ၏အသိ ရေချိန် နှင့် ပညာရေချိန် နိမ့်ကျလှသည်မှာ ပေါ်လွင်နေ၏။ ဆိုရလျှင် အရှင်ဝီရသူ ၏ တရားများနှင့်မျိုးစောင့်ဥပဒေကြမ်း ကဲ့သို့သော အချက်များကို အပေါ်ယံ သုံးသပ်ပြီး ယုတ္တိနှင့် ကင်းမဲ့လှသော အကြမ်းဖက်သမားအဖြစ် စွပ်စွဲလိုက် သည်မှာလည်း တစ်ဖက်စောင်းနင်းနိုင် လွန်းလှလေသည်။ အရိုးရှင်းဆုံး ပြော ရလျှင် အရှင်ဝီရသူသည် ဗုဒ္ဓသားတော်၊ ရဟန်းတစ်ပါးဖြစ်နေရုံဖြင့် မည်သည့် နည်းနှင့်မျှ အကြမ်းဖက်သမားမဖြစ်နိုင် တော့ပေ။ ဗုဒ္ဓသားတော်သည် အကြမ်း ဖက်ခံရသူ သာ ဖြစ်ချင်ဖြစ်နိုင် သည်။ မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတရား ကို သေသည်အထိ စွဲကိုင်သည့် ရဟန်း တစ်ပါးဖြစ်သောကြောင့် သူ့ကိုအကြမ်း ဖက်ချင် လျှင်သာ ဖြစ်နိုင်သည်။ အကြမ်း ဖက်သမားတော့ မဖြစ်နိုင်ပေ။
ဟန်နာဘိခ်ျ၏ ကောက်ချက်များ တွင် (က) ယခုဖြစ်ပွားနေသော ကချင် စစ်ပွဲကို ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ စစ်ပွဲဟု ကောက် ချက်ချခြင်း၊ (ခ) သီရိလင်္ကာတွင် ပြည် နယ်ခွဲထွက်ခွင့် တောင်းဆိုတိုက်ပွဲဝင် သည့် တမီလ်ကျားအဖွဲ့နှင့် သီရိလင်္ကာ အစိုးရတို့ကြား ပြည်တွင်းစစ်ကို ဗုဒ္ဓဘာ သာနှင့် ဟိန္ဒူတို့၏စစ်ပွဲဟု တစ်လွဲ ကောက်ချက်ချခြင်း၊ (ဂ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခုအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသော မူဆလင်သူပုန်များ၏ ပြဿနာမှာ မူဆလင်ဘာသာကိုးကွယ် သူများ၏ ပြည်နယ်ခွဲထွက်ရေး တောင်း ဆိုသော နိုင်ငံရေးပြဿနာဖြစ်ပါလျက် မူဆလင်နှင့်ဗုဒ္ဓဘာသာစစ်ပွဲအဖြစ် မှား ယွင်းစွာ ဘာသာရေးကို စွဲယူကောက် ချက်ချခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ဟန်နာဘိခ်ျမှားယွင်းကြောင်း ထင်ရှား လှပါသည်။ သတင်းထောက်တစ်ဦး၊ တိုင်းမ် မဂ္ဂဇင်းလိုမဂ္ဂဇင်းတစ်စောင်တွင် တာဝန် ယူရေးသားနေသူဖြစ်ပါလျက် မြန်မာနိုင်ငံအပါအဝင် သူမ ဖော်ပြ လိုက်သောနိုင်ငံများရှိ ပြည်တွင်းစစ်များ၊ တိုင်းရင်းသားလူမျိုးစုပြဿနာများကို သုံး သပ် ကောက်ချက် ချရာတွင် ဘာသာ ရေးကွဲပြားမှုတစ်ခုတည်းဖြင့် ကောက် ချက်ချလိုက်ခြင်းမှာ သူမ၏ နိုင်ငံရေး အမြင်မရှိခြင်း၊ အားနည်း လွန်းခြင်း ကို ဖော်ပြ ရာရောက်လေသည်။
ထိုပြဿနာ များမှာ သူမ သုံးသပ်သလို ဘာသာရေး ပြဿနာများမဟုတ်ကြောင်း နားလည် ဖို့လို၏။ ယနေ့ကမ္ဘာတွင် ဖြစ်ပွားနေသော အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အစ္စရေး-အာရပ်ပဋိပက္ခစသော ပြဿနာအရပ်ရပ် မှာ ဘာသာရေးမတူ၍ ဖြစ်ပွားနေခြင်း မဟုတ်၊ အီရတ်ကို မူဆလင်ဘာသာဝင် များနေသောနိုင်ငံဟူ၍ တိုက်ခိုက်သော ခရူးဆိပ်စစ်ပွဲ မဟုတ်ပေ။ အီရတ်မှ အာဏာရှင်ကိုအကြောင်းပြကာ အမေရိ ကန်က ရေနံလိုချင်သောကြောင့် ကျူးကျော်သောစစ်ပွဲ ဖြစ်လေသည်။ အာဖဂန်စစ်ပွဲမှာလည်း အကြမ်းဖက် သမား အိုစမာဘင်လာဒင်ကို လက်စား ချေလိုမှုအကြောင်းပြကာ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့အပေါ် အမေရိကန်၏ သြဇာအာဏာလွှမ်းမိုး နေမှုနှင့် သူ၏ စစ်အင်အား ဖြန့်ကြက် လိုမှုအပေါ် အခြေခံသော စစ်ပွဲဖြစ် သည်။ ဘာသာရေးနှင့် ဘာမှမဆိုင်ပေ။ ဟန်နာဘိခ်ျ၏ ကောက်ချက်ကိုသာ လက်ခံရလျှင် ကမ္ဘာစစ်ပွဲအားလုံးမှာ ဘာသာရေးကြောင့် ဖြစ်သော စစ်ပွဲများ ချည်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုဆောင်းပါးမျိုးကို အယ်ဒီတာက လေ့ လာ အကဲဖြတ်မှုမရှိဘဲ ပွဲဆူစေလိုသည့် သဘော၊လူကြိုက်များနိုင်သည့် သတင်း တစ်ပုဒ်အဖြစ် နာမည်ကြီးလိုမှုနှင့် ထည့်သွင်းလိုက်သည့်အတွက် အလွန် စိတ်ပျက်ဖို့ ကောင်းပါသည်။ ဗုဒ္ဓဘာ သာဝင်များမှာ ထိုသို့ သွေးထိုးရုံဖြင့် သွေးဆူမည့်လူများ မဟုတ်ကြ။
တိုင်းမ် မဂ္ဂဇင်းက မရေးခင်ကတည်းက ထိုသို့ သွေးဆူအောင်လုပ်သည့် အဖျက်သမား အုပ်စုကား ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သားများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဗုဒ္ဓဘာသာဝင်များက ထိုပြဿနာကို ရှေ့တန်းမတင်ကြ။ ဘာသာရေးပဋိပက္ခ ဟုလည်း မသတ်မှတ်ကြ။ အရေးကြီး သည်မှာ ပွဲလန့်တုန်း ဖျာခင်းလိုသော၊ ငြိမ်းချမ်းသာ ယာသော နိုင်ငံသစ်တည် ထောင်နေမှုကို မလိုလားသော အဖျက်သမားအုပ်စုကို အရေးယူရန်သာ ဖြစ်ပါသည်။
သို့သော် ယခု အစိုးရဖွဲ့စည်းလိုက် သည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တိုင်းမ်မဂ္ဂဇင်း ဇူလိုင် ၁ ရက်နေ့ထုတ် စာစောင်ကို ပိတ်ပင် ခြင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်၍ လက်မခံ နိုင်ပေ။ တစ်ချိန်တည်းတွင် ထိုဆောင်း ပါးပါ တိုင်းမ်မဂ္ဂဇင်းမူရင်းစာစောင် သို့ မဟုတ် မိတ္တူကို လက်ဝယ်ထားရှိခြင်းကို လည်း မည်သူမျှ မပြုလုပ်ရ။ ဆိုလိုသည် မှာ လေ့လာဖတ်ရှုခြင်း၊ မိမိ၏မိတ်ဆွေ များကို ပေးကမ်းခြင်းများအား တားမြစ် ပိတ်ပင် လိုက်ခြင်း၊ ပြည်သူလူထု၏ ဒီမို ကရေစီအခွင့်အရေးများကို တားမြစ် လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းကို လက်မခံနိုင်ပေ။ အရေး ကြီးသည် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ မိမိဘာသာကို အလေး အနက် သက်ဝင်ယုံကြည်ဖို့သာ အဓိက ဖြစ်ပါသည်။ သက်ဝင် ယုံကြည်မှု လေးနက် လျှင် လေးနက် သလောက်လည်း ဘာသာရေး အဓိကရုဏ်းများ မဖြစ် ပွားအောင် ထိန်းသိမ်းကာကွယ်နိုင် ပါသည်။ လေးနက်လျှင်လေးနက်သ လောက် အကြမ်းဖက်မှုများကို သည်းခံ ခွင့်လွှတ်နိုင်ပါသည်။ ခြင်္သေ့စာ အကျွေး ခံရသော ခရစ်ယာန်ဘာသာဝင်များ သည် သည်းခံခွင့်လွှတ်ခြင်း ကြီးစွာဖြင့် ယေရှုခရစ်၏ သည်းခံစွန့်လွှတ်မှုကို နှလုံးသွင်းကာ အသက်စွန့်လွှတ်သွား သည့် နမူနာကို ကြည့်ရုံဖြင့် မိမိဘာ သာကို ယုံကြည် သက်ဝင်မှု ရှိသူများ သည် မည်သို့မျှ အကြမ်းဖက် ဆူပူမှု ပြုလုပ်မလာနိုင်ပေ။
ယခုအရေးပေါ် ကာလ စီမံခန့်ခွဲ ရေး ဗဟိုကော်မတီ၏ ကြေညာချက် သည် ယခင်စစ်အစိုးရကာလက လူထု အပေါ် မယုံကြည်မှု၊ ချုပ်ချယ်ကန့်သတ် မှုမျိုးနှင့် မကွာခြားလှပေ။
ထိုကဲ့သို့ စာအုပ်များ မဖတ်ရ။ မဖြန့်ချိရ။ လက် ဝယ်မထားရှိရ ဆိုသော ပုဒ်ထီး၊ ပုဒ်မ များ၊ ပိတ်ပင်တားဆီးချက်များမှာ ပြည် သူများအတွက် နှစ်ပေါင်း ၅ဝ ကျော် ကြာအောင် ရိုးအီနေပေပြီ။ ထိုသို့ တား ဆီးကန့်သတ်ချက်များကိုလည်း ပြည်သူ လူထုမှာ နားခါးလှပေပြီ။ မိမိ၏အသိ တရားနှင့် မိမိ၏ ယုံကြည်ချက်သာ ပြတ်သားလျှင် ထိုဆောင်းပါးတစ် စောင်ကြောင့် အယူလွဲသွားစရာ၊ သွေး ဆူသွားစရာ အကြောင်းမရှိပေ။ ထိုကဲ့ သို့ မသိနားမလည်သော သူများ၏ ဆောင်းပါး ကို ခြေခြေမြစ်မြစ် ပြန်ချေပ ခြင်း၊ ထိုကဲ့သို့ ဗုဒ္ဓဘာသာ အကြောင်း မသိဘဲ ရေးသူများကို ပြန်လည် ချေပ ခြင်းနှင့် ဗုဒ္ဓဘာသာတွင် ထိုကဲ့သို့ မရှိ ခြင်းကို အချက် အလက် များဖြင့် ပြန်တုံ့ ပြန်ခြင်းသာလျှင် မှန်ကန်သည်ဟု ထင် မြင်မိပါသည်။

ထက်မြက်
Popular Myanmar