အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍သြဇာ ရှိနိုင်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 7/12/2013 12:52:00 PM


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-သက်မျိုးမင်း)

အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍ သြဇာရှိနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းေ ထာက်များနှင့် လာရောက်တွေ့ဆုံပြီး လွှတ်တော်တွင်း သတင်းယူရသည့် အတွေ့အကြုံနှင့် လွှတ်တော် အပေါ် အမြင်ကို သတင်းထောက်များအား မေးမြန်းပြီး သတင်းထောက် တစ်ဦးက လွှတ်တော်သည် ပြည်သူ လူထုအပေါ် သက်ရောက်မှု အားနည်းနေကြောင်း ဖြေကြားမှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လွှတ်တော်က ဘာပဲလုပ်လုပ် အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူက အရင်အတိုင်းပဲဆိုတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာရဲ့လုပ်ပုံကိုင်ပုံတွေ အပေါ်မှာ လွှတ်တော်က ပိုပြီးတော့ သြဇာရှိနိုင်ဖို့ လိုတာပဲနော်။ လွှတ်တော်က လုပ်သမျှက ထိရောက်မှု မရှိဘူးဆိုရင် ပိုပြီးတော့ သြဇာရှိအောင်၊ ထိရောက်မှုရှိအောင် ကြိုးစားရမှာပေါ့။ အန်တီလည်း ပြောနေကျပဲ။ ပြည်သူတွေရဲ့ဘ၀မှာ ဘာမှသိပ်ပြီးတော့ ထိရောက်မှု မရှိဘူး။ အဓိကကတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနဲ့ပဲ ဆိုင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဥပဒေတွေက ပြဋ္ဌာန်းထား၊ ပြဋ္ဌာန်းတာပဲလေ။ ဒီဥပဒေတွေ သက်ရောက်မှု ရှိဖို့ဆိုတာကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ပဲ သက်ဆိုင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Eleven