အမေ ကို သားဖြစ်သူမှ အဓမ္မပြုကျင့်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 7/21/2013 08:43:00 AM


၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊  မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီးအုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာတည်းနေ ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ် ဦးသိန်းမြင့်၏ လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲအတွင်း သွားရောက်ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွားပြီးနောက် ကျော်မင်းထိုက်မှ ၄င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်မည်ပြုလုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်းလျှင် ဓါးနှင့် ထိုးမည်ဟု ခြိမ်းခြောက် ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊ ရွှေကျင်ရဲစခန်းတွင် (ပ) ၃၁ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆  အရ အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။

Myanmar News Now