ငယ်ပါ ကို သူခိုး က ဖြတ်ယူသွား

ပို့စ်တင်ချိန် - 7/16/2013 11:48:00 AM


တရုတ် ပြည် ဇီကျန်း ပြည်နယ် ၀န်လင်း မြို့  အနီး ရှိ နိုင်ကွေယို ရွာကလေး မှ အသက် ၄၁ နှစ်
အရွယ် ရှိ ဖိလင် အမည်ရှိ အမျိုး သား တစ်ဦး သည် ၎င်း အိပ် ပျော်နေ စဉ် အတွင်း သူ၏
ဦးခေါင်း ကို အိတ်ဖြင့် စွပ် ပြီး နောက် ၊ ငယ်ပါ ကို ဖြုတ် ခိုး သွား ကြောင်း ဒေသဆိုင်ရာ ရဲ
တပ် ဖွဲ့  သို့  တိုင်ကြား မှု ကို ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့်
Daily Star  သတင်းစာ တွင် ဖော်ပြထား သည်။

” သူတို့  ကျွန်တော် အိပ်နေစဉ် မှာ အိမ်ထဲ ကို ရောက်လာ တယ် ၊ ကျွန်တော့် ဦးခေါင်း ကို
ဂုံနီ အိတ်လို ဟာ နဲ့  စွပ် လိုက် ပြီး ၊ ကျွန်တော့် ဘောင်းဘီ ကို ဆွဲ ချွတ်လိုက်တယ်။ နောက်
တော့ ဖြတ်တော့ တာ ပဲ ဗျာ ၊ ပြီး တော့ သူ တို့  ထွက် ပြေး သွား တယ် ၊ ကျွန်တော့် ငယ်ပါ
မရှိ တော့ ပါ ဘူး ဟု ဖိလင် က ငိုကြီးချက် မ ဖြင့် CEN သတင်း သို့  ပြောသည်။

အတိတ် ကာလ က  ဖိလင် ချစ်ထွဋ်တင် ခဲ့ ဖူးသည့် အမျိုးသမီး တစ်ဦးဦးက  ပြန်လည် လက်
စာချေခြင်း ဟု ၀န်လင်း ရဲ့  အဖွဲ့  က ယုံကြည် သောလည်း သူက ” မဟုတ် ရပါဗျာ ” ဟု
တွင်တွင် ငြင်းသည် ဟု Austrian Times သတင်းစာ တွင် ဖော်ပြထား သည်။

အိမ်ထောင်ရှိ သော ဖိလင် ကို အချစ် ဟောင်း က ရက် စက် ပြ ခြင်း ဖြစ်သည် ဟု လည်း
သူ ၏ အိမ်နီးချင်း တို့  က ယုံကြည် ကြ သည်။

နံနက် ၄ နာရီ တွင် ငယ်ပါ ဖြုတ် ခိုး ခံရ ပြီး နောက် ၊ ဖိလင် က ရဲ အဖွဲ့  သို့  တိုင်ကြားမှု
ပြု ခဲ့ သည်။ ရဲ နှင့် ဆေးဝန်ထမ်းများ သည် ဖိလင် ၏ အိမ် အနီး တစ်ဝိုက် ဉ် ငယ် ပါ
တွေ့ လို တွေ့ ငြား ပြန်ရှာ ကြ သော်လည်း လုံးဝ ရှာမတွေ့  တော့ ဟု သိရသည်။

ဖိလင် က ဆေးရုံ ဉ် တရုတ် သတင်းစာ များ ကို ” သွား ပြီ မရှိတော့ ဘူး ” ဟု ပြောသည်။
သူ့ ကို အများ စု က ဂရုဏာ သက်ကြ သော်လည်း မည် သို့  ကူညီရမှန်း မသိ ဖြစ် နေ ကြ
ပြီ မည် သူမှ လည်း စွန့် စား ပြီး မကူညီလို ဟု တရုတ် သတင်း စာ များ က ရေးသား ထား
သည်။

တရုတ် ပြည် တွင် ထို ကဲ့ သို့  သော အဖြစ် အပျက် များ သည် ယခင် က ရှိ ခဲ့ ဖူးပြီး လွန်
ခဲ့ သည့် တစ်နှစ် ကျော် က ကုန်တွင်း ပိုင်း ဇင်းကျန်း  ပြည်နယ် တွင် အမျိုးသမီး တစ်ဦး
၏ အရှက် ကို  မီးပူပေး ထား သည့် သံပြား ဖြင့် ကပ် ကာ လက်စား ချေခဲ့ မှု လည်း ရှိ
ခဲ့သည်။

Freedom News Group