နပိုလီယံနဲ့ သွားတွေ့မယ့် ဦးသိန်းစိန်

ပို့စ်တင်ချိန် - 7/15/2013 09:50:00 AM


လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ပြည်သူအများအပြား ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်ကို သွားရောက်ကြမှာပါ။

သို့သော်လည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကတော့ ဒီအခွင့်အရေး ရနိုင်မယ် မဟုတ်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သမ္မတကြီးက အဲဒီအချိန်ဆို ပြင်သစ်နိုင်ငံမှာ ရောက်ရှိနေမှာ ဖြစ်လို့ပါပဲ။

အဲဒီနေ့မှာ ဦးသိန်းစိန်က ပြင်သစ် စစ်ဘုရင် နပိုလီယံရဲ့ အုတ်ဂူကို သွားရောက်မယ်လို့ သိရပါတယ်။


ဧရာဝတီ