မျိုးစောင့်ဥပဒေအား ပြောရမည့် အချိန်ရောက်လျှင် အစိုးရဘက်မှ ပြောမည်

ပို့စ်တင်ချိန် - 7/01/2013 12:59:00 PM


လူ့အခွင့်အရေးသမားများနှင့် သံယာတော်တချို့ကြား အငြင်းပွားလျက်ရှိသောမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ပြောရမည့် အဆင့်ရောက်မှသာ အစိုးရအဖွဲ့မှ ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတ်ာသမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က The Messenger သို့ပြောသည်။

“ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့သလို ဒီအမျိုးစောင့် ဥပဒေမှ မဟုတ်ပါဘူး ကျန်တဲ့ဥပဒေတွေ အားလုံးနဲ့ပတ်သက်လို့လဲ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အသီးသီးက ကိုယ့်အမြင်တွေကိုယ်ပြောနေကြတာပေါ့နော် ။ အခြေခံဥပဒေဆိုတာလည်း ပြင်သင့်တယ်ပြောတဲ့လူရှိတယ်။ ဒါကတော့ တစ်ဦးချင်းအမြင်ပေါ့ သို့သော် ဒါကို ဥဒေဖြစ်ဖို့ဆိုတာက သူ့ဟာသူသွားရမယ့်အဆင့်တွေအများကြီးရှိပါသေးတယ် အစိုးရအနေနဲ့ကတော့ပြောရမယ့်အဆင့်ရောက်မှအစိုးရအဖွဲ့ကပြောရမှာပေါ့”ဟု ဦးရဲထွဋ်ကပြောသည်။

(Photo- AFP)
Messenger News