ညဆိုင်းအလုပ်ကာလရှည်ကြာလုပ်ဆောင်ခြင်းက ရင်သားကင်ဆာဖြစ်ပွားမှု ၂ ဆ မြင့်တက်စေ

ပို့စ်တင်ချိန် - 7/16/2013 09:18:00 AM


ယခုလက်ရှိကမ္ဘာတွင် အဖြစ် အများဆုံးကင်ဆာများအား စာရင်း ကောက်လိုက်ပါက ရင်သားကင် ဆာမှာ ထိပ်တန်းမှ ပါဝင်လျက်ရှိပေ သည်။ ထို့ကြောင့် ရင်သားကင်ဆာ နှင့်ပတ်သက်သည့် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လေ့လာမှုတစ်ခုအရ အမျိုးသမီးများတွင် ညဆိုင်း အလုပ် အား နှစ် ၃၀နှင့်အထက် လုပ်ခဲ့သော သူများ၌ ရင်သားကင် ဆာဖြစ်နိုင်ချေ နှစ်ဆခန့် ပိုများကြောင်း သိရသည်။ ယခုလေ့လာမှု၌ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိသော ဝေဒနာရှင် ၁၁၃၄ဦးနှင့် ရောဂါမဖြစ်သော သက် တူရွယ်တူအမျိုးသမီး ၁၁၇၉ ဦးတို့ ပါဝင်ခဲ့သည်။ ယင်းအမျိုးသမီးများ အား ၄င်းတို့၏အလုပ်အကိုင် အလုပ် ဆင်းရသောအချိန်ဇယား၊ ဆေးရုံ တက်ရမှု၊ ရင်သား ကင်ဆာအမျိုး အစားစသည်တို့ကို အသေးစိတ်စစ် ဆေးခဲ့ရာ အဖွဲ့နှစ်ဖွဲ့လုံးမှ အမျိုး သမီးသုံးပုံတစ်ပုံစီခန့်မှာ ညဆိုင်း ဆင်းရသူများ ဖြစ်ကြသည်။ သို့သော် ညဆိုင်း ဆင်းရသူများထဲတွင်မှ ညဆိုင်းဆင်းချိန် နှစ် ၃၀ မကျော်မီ အထိ ရင်သားကင်ဆာပိုမို ဖြစ်ပွား သည်ဟူသည့်အချက်ကို မတွေ့ရပေ။ နှစ် ၃၀နောက်ပိုင်းတွင်တော့ ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်ဆခန့်များ လာကြောင်း တွေ့ရသည်။ ယင်းကဲ့ သို့ ညဆိုင်းဆင်းရသူများတွင် ရင် သားကင်ဆာ ပိုမိုဖြစ်ပွားရမှုမှာ မယ်လတိုနင် ထုတ်လုပ်မှုနည်းလာ ခြင်း၊ အိပ်စက်ချိန်လွဲမှားခြင်း၊ ခန္ဓာ ကိုယ်၏ နရီလွဲမှားလာခြင်း၊ ဗီတာ မင်နည်းလာခြင်းနှင့် ဘဝနေထိုင်မှုပုံစံပြောင်းလဲလာခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အပိန်လေး
ref:ANI
Health Updates Journal