ဒုရဲအုပ်နဲ့ အဖွဲ့ အောင်မင်္ဂလာ ကားဝန်း အတွင်းမှာ ပြန်တန်ဆာခန်းများနဲ့ ဆိုင်ကယ်များအား ဖမ်းဆီးငွေတောင်း

ပို့စ်တင်ချိန် - 7/21/2013 08:49:00 AM


ယနေ့  ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်း(၁)နာရီခွဲလောက်မှ စတင်ပြီး ရန်ကုန်မြို့ အောင်မင်္ဂလာကားဝန်း အတွင်းရှိ အနှိပ်ခန်းအမည်ဖြင့် ဖွင့်လှစ်ထားသော ပြည်တန်ဆာ အခန်းများသို့ ဒုရဲအုပ်ကျော်မင်းစိုးနှင့် တပ်သားသက်ပိုင်၊ တပ်သားမျိုးမင်းဦး တို့သည် တစ်ခန်းလျှင် ငွေ(၅၀၀၀၀)ကျပ်နူံးဖြင့် လိုက်လံတောင်းယူခဲ့ ကြောင်း သတင်းရရှိပါသည်။

ထိုအပြင် အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့ မှ နံနက်ပိုင်း(၅)နာရီခွဲလောက်တွင် အောင်မင်္ဂလာ ကားဝန်း ရှိ လိုင်းစင်မဲ့ ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးကာ ရဲကင်းတွင် ခေါ်ဆောင်သွားပြီး တစ်စီးလျှင်(၃၀၀၀၀)ကျပ် ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လွှတ်ခဲ့ ကြောင်းလည်း မျက်မြင်တွေ့ ရှိသူတွေ ပြောပြချက် အရ သိရပါသည်။

by Myanmar News Now