ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု CCTV video

ပို့စ်တင်ချိန် - 7/09/2013 01:10:00 PM

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကို မှတ်တမ်းတင်ထားသည့် CCTV ဗီဒီယိုမှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြသလိုက်သည်။ အဆိုပါ CCTV မှတ်တမ်းဗီဒီယိုကို အိန္ဒိယရုပ်သံသတင်းဌာနက IBN က ထုတ်လွှင့်ခဲ့သည်။ ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံမှ သဃာတစ်ပါးနှင့် တိဗက်ဒေသမှ သံဃာတစ်ပါး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်လုပ်ဗုံး ၉ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ရသည်။ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းမှာ အိန္ဒိယရှိ မူဂျာဟစ်ဒင်တို့နှင့် အဆက်အသွယ်ရှိနိုင်ကြောင်း သိရသည်။ Video: IBN Live
Planet Myanmar Network