Moto-X အတွက် ကြော်ငြာအသုံးစရိတ် ဒေါ်လာ သန်း ၅၀၀ Google သုံးစွဲမည်

ပို့စ်တင်ချိန် - 7/15/2013 10:16:00 AM


Google သည် ၎င်း၏ စမတ်ဖုန်းသစ် ‪‎Moto‬-‪‎X‬ အတွက် ဈေးကွက်ထိုးဖောက်နိုင်ရန် ကြော်ငြာအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ကျခံသုံးစွဲမည်ဖြစ်သည်။ ထိုပမာဏမှာ ယမန်နှစ်အတွင်းက ‪‎Apple‬ ထုတ်ကုန်များအားလုံးအတွက် အသုံးပြုခဲ့သော ကြော်ငြာကုန်ကျစရိတ်နှင့် ညီမျှကြောင်းလည်း သိရသည်။

အတည်မပြုနိုင်သော သတင်းများအရ ‪‎Google‬ ၏ Moto-X စမတ်ဖုန်း အချက်အလက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

‪‎screen‬ - 4.7-inch
‪‎processor‬ - 1.7GHz dual-core
‪‎OS‬ - ‪‎Android‬ 4.2 (‪‎Jelly‬ ‪‎Bean‬)
‪‎Internal‬ ‪‎Storage‬ - 16GB
‪‎RAM‬ - 2GB
‪‎Camera‬ - 10 Megapixel
CAmera (front) - 2 Megapixel

(ပုံတွင် စမတ်ဖုန်းသစ် Moto-X ကို Google ဥက္ကဋ္ဌ အဲရစ် ရှမစ်ဒ်က ‪‎Sun‬ ‪‎Valley‬ တွင် ပြုလုပ်သည့် ‪‎Allen‬ & ‪‎Co‬ ‪‎conference‬ တွင် ကိုင်တွယ်သုံးစွဲပြစဉ် တွေ့ရသည်)