phone တွေ message ပို့ပြီး အင်တာနက် လျှောက်လို့ရပြီ

ပို့စ်တင်ချိန် - 7/23/2013 05:16:00 PM

 
လာမယ့်လ ၁ ရက်နေ့ကစပြီး GSM, WCDMA ဖုန်းတွေ မက်ဆေ့စ်ပို့ပြီး အင်တာနက်လျှောက်လို့ရပါပြီ။

အရင်က ဖုန်းနဲ့အင်တာနက်သုံးဖို့ ဆိုရင် လူကိုယ်တိုင်သွားရောက်လျှောက်ထားဖို့ လိုပါတယ်။
ကိုယ်တိုင်မလျှောက်ချင်တဲ့သူတွေကတော့ကြားပွဲစားဖုန်းဆိုင်တွေကတစ်ဆင့်လျှောက်ကြပါတယ်။

ဒီ့အတွက်ဝန် ဆောင်ခတွေဘာတွေ ကုန်ရပါတယ်။
အခုလို မက်ဆေ့စ်ပို့ပြီး လျှောက်ထားနိုင်ပြီ ဆိုရင်တော့ ကြားပွဲစားခပေးစရာမလိုဘဲ ဆောင်ရွက်နိုင်ပါပြီ။

၁,၅၀၀ တန် လို့ ခေါ်တဲ့ တသိန်းနီးပါးပေးမှ ၀ယ်လို့ရနိုင်တဲ့ ဖုန်းတွေကတော့  ဒီအစီအစဉ်ထဲ ပါဖို့ မလွယ်သေးပါဘူး။ ဒီအကြောင်း မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာပါ

လိုရင်း ပြန်ဆက်ရရင် ...
အခုစနစ်အရ အင်တာနက်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ ကျပ်ငွေ ၁၀,၀၀၀ ကို အရင်ဖြည့် သွင်းထားရပါမယ်။
ပြီးရင် 1331 ကိုနှိပြီး SMS ပို့ရမှာပါ။

“လျှောက်ထားတာမှာက 133 ကို သတ်မှတ်ထားတဲ့ Short message ပို့ပေးရပါမယ်။ ပို့ရမှာက Order data service ဆိုတဲ့ စာရေးပေးရမယ်။ အဲဒီမှာ မက်ဆေ့ခ်ျတခု ပြန်ဝင်လာပြီဆို သုံးလို့ရပါပြီ။ ၁၅ သိန်းတန်၊ ၅ သိန်းတန်၊ ၂ သိန်း၊ ၂ သိန်းခွဲ တန်တွေ လျှောက်လို့ရမယ်။ ၇၃ တွေက အင်တာနက်လိုင်း ပြည့်သွားလို့ ပိတ်ထားသေးတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။

အင်တာနက် အသုံးပြုမည့်ဖုန်းသည် အင်တာနက်ဆိုင်ရာ Setting ချိန်ညှိထားရန် လိုအပ်ကြောင်း၊ ထိုသို့ချိန်ညှိရန် လိုအပ်ပါက နီးစပ်ရာဖုန်းဆိုင် သို့မဟုတ် ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိဖုန်းမှတဆင့် ဖုန်းအင်တာနက် သုံးစွဲမှု လျှောက်ထားနိုင်မည့် ဖုန်းအမျိုးအစားမှာ GSM နှင့် WCDMA တို့သာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကနဦး လျှောက်ထားမှုအတွက် ယခင် အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တသောင်း ကျသင့်မှာ ဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တသောင်းရှိဖို့ လိုပါတယ်။ မက်ဆေ့ခ်ျအနေနဲ့ ‘You have order data service successfully’ ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးလာခဲ့ရင် အင်တာနက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။

အင်တာနက် အသုံးပြုခမှာ GSM နှင့် WCDMA ဖုန်းများအတွက် တမိနစ်လျှင် ၂ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

“စနစ်ကတော့ တော်တော်ကောင်းပါတယ်။ စာရွက်စာတမ်းယူပြီး လူကိုယ်တိုင် လာတာတွေ မလိုတော့ဘူး။ အချိန်ကုန် သက်သာတယ်။ စနစ်က ဘာ Error တွေ တက်မလဲတော့ မသိသေးဘူး။ မရှိခဲ့ရင်တော့ တော်တော်လေး အဆင်ပြေနိုင်မှာပါ” ဟု  GSMဖုန်း အသုံးပြုသူတဦးက ပြောသည်။

လက်ရှိတွင် ဖုန်းအင်တာနက်သုံးစွဲမှုမှာ ၂၀၁၂/ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း သုံစွဲသူ စုစုပေါင်း ၇ သိန်းကျော် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး၏ ထုတ်ပြန်ထားချက်အရ သိရသည်။

 “You have order data service successfully” ဆိုတဲ့စာကို ပြန်ရပြီဆိုရင်  အင်တာနက်ကို စပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ထည့်ထားတဲ့ငွေထဲက ၁၀,၀၀၀ ကို ဖြတ်ယူသွားမှာပါ။

မိုဘိုင်းဖုန်းသုံးပြီး အွန်လိုင်းတက်ဖို့ စဉ်းစားနေသူများအတွက်တော့ ဒါ သတင်းကောင်း ဖြစ်ပါလိမ့်မယ်။

ဧရာဝတီ