Youtube တွင် ဝန်ထမ်းများ ချောစီးနိုင်

ပို့စ်တင်ချိန် - 7/17/2013 04:32:00 PM


ပုံမှာပြထားတာ ကလေးကစားကွင်းမဟုတ်ပါဘူး။ Youtube မှာထားပေး ထားတဲ့ လူကြီးကစားကွင်းပါ။

ချောစီးလို့ရအောင် ထားပေးတဲ့ Slide ပဲ ဖြစ်ပါတယ်။ သာမန်လှေကားကို အသုံးပြုပြီး အတက်အဆင်းပြုလုပ်သနိုင်သလို၊ ချောစီးလို့ရအောင်လည်း အမေရိကန်က Youtube ရုံးချုပ်မှာ ယခုလို ဖန်တီးပေးထားပါတယ်။ ယင်း Slide အပြင် အခြားသော ကိုယ်၊စိတ်အပန်းဖြေစရာများကို ထားရှိပေးထား ပါတယ်။

Google, Facebook နဲ့အခြားသော Enterprise အကြီးစား ကုမ္မဏီတွေမှာ ယခုလိုပဲ ထားရှိပေးထားပါတယ်။ သီချင်းဆိုရန် စတူဒီယို၊ စက်ဘီးနင်းစက်၊ အပြေးလေ့ကျင့်စက်၊ xbox ဂိမ်းစက်နဲ့ အခြားသော ပစ္စည်းအစုံအလင်ကို အပန်းဖြေစရာ ကစားကွင်းပမာ ထားရှိပေးထားကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)