ဟက်ကာတွေရဲ့ လက်ချက်ကြောင့် လေဒီဂါဂါ၏ Applause သီချင်းကို ကတိုက်ကရိုက် ဖြန့်ချိ

ပို့စ်တင်ချိန် - 8/17/2013 12:40:00 PM


နိုဝင်ဘာလမှာ ဖြန့်ချိမယ့် လေဒီ ဂါဂါရဲ့ ARTPOP အယ်လ်ဘမ်ထဲက Applause တေးသီချင်းသည် ဟက် ကာများ၏ လက်ချက်ကြောင့် အွန်လိုင်း မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဂါဂါက ၄င်းသီချင်း ကို သတ်မှတ် ရက်ထက်စောပြီး ဖြန့်ချိခဲ့ ကြောင်း သိရသည်။

Applause သီချင်းကို အမေရိကရှိ ရေဒီယိုများတွင် နားဆင် ခံစားနိုင်ပြီ ဖြစ် သည်။

”ဟက်ကာတွေကြောင့် ကျွန်မ သီချင်းက ပျံ့နှံ့နေတာကြောင့် သတ်မှတ် ရက်ထက်စောပြီး ကတိုက်ကရိုက် ဖြန့်ချိ လိုက်ရတယ်။ ဒါ့အပြင် Applause သီချင်းကို Apple Stores တွေမှာ ဝယ်လို့ ရပါတယ်”ဟု ၄င်းက တွစ်တာ စာမျက်နှာပေါ်၌ ရေးသားထားသည်။

Born This Way အယ်(လ်)ဘမ် ဖြန့်ချိခဲ့ပြီး နှစ်နှစ်နောက်ပိုင်း မှ ARTPOP ကို ဖြန့်ချိရန် စီစဉ်ခြင်းဖြစ် သည်။ ARTPOP အယ်လ်ဘမ်ကို နိုဝင်ဘာ ၁၁ ရက်မှာ ဖြန့် ချိဖြစ်ပြီး သတ်မှတ်ရက် ထက်စော၍ ဖြန့်ချိရန် အစီအစဉ် မရှိသေးကြောင်း ဂါဂါက ပြောကြားသည်။

သိင်္ဂီဝင်း
Ref: E! Online
Popular Myanmar News Journal