နိုင်ငံရေးသိပ္ပံဘာသာရပ်ဝင်ခွင့် ရမှတ်အနိမ့်ဆုံး ၄၇၀ ရရှိရမည်

ပို့စ်တင်ချိန် - 8/01/2013 11:51:00 AM


ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တို့တွင် နိုင်ငံရေးသိပ္ပံဘာသာရပ် ပထမနှစ်သင်တန်း စတင် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာအနိမ့်ဆုံးရမှတ် ၇၅ မှတ်နှင့် စုစုပေါင်းအနိမ့်ဆုံးရမှတ် ၄၇၀ မှတ်ရရှိထားသူများ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်သည် ကိုပညာရေးဝန်ကြီးဌာနမှသိရသည်။ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများရွေးချယ်၍ ပထမနှစ်သင်တန်း မှပါရဂူဘွဲ့ရရှိသည်အထိ အထူးပြုစုပျိုးထောင်ရေး စီစဉ်ဆောင်ရွက်ရန် တက္ကသိုလ်ပညာရေးအဖွဲ့များကောင် စီနှင့် တက္ကသိုလ်ဗဟိုကောင်စီတို့က အတည်ပြုထားပြီးဖြစ်သည်။
   ယင်းတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားရွေးချယ်ရာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာတွဲများ ကိုသတ်မှတ်ချက်မပြုဘဲ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ ဘာသာတွဲအား လုံးမှ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် အခြေခံ၍ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ကျောင်းသား များအားသင်ကြားပို့ချရာတွင် စာတွေ့၊လက်တွေ့သင်ကြားပို့ချခြင်းများကို နိုင်ငံတကာအဆင့်မီသင်ကြားပို့ချ မည်ဖြစ်ပြီး စာသင်ခန်းအရွယ်အစားအပါအ၀င်သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပြည့်စုံ စွာ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

Ref..facebook