ယာဉ်အားကျော်တက်မောင်းနှင်စဉ် တဖက်ယာဉ်ကြောမျက်နှာချင်းဆိုင်မှ ဆိုက္ကားအားတိုက်မိ၍ လူသေဆုံး

ပို့စ်တင်ချိန် - 8/16/2013 09:36:00 AM

ရန်ကုန်၊ သြဂုတ် ၁၅

၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း
အတိုင်း ယာဉ်မောင်း တင်ချို(ဘ)ဦးလှအောင်၊ တိုက်ကြီးမြို့နယ်နေသူ
မောင်းနှင်လာသော ဈ/---- ဟီးနိုးခဲပြာရောင်ယာဉ် သည်
ငမိုးရိပ်(၁၀)လမ်းထိပ်အနီးအရောက် ၎င်း၏ရှေ့ရှိယာဉ်အားကျော်တက်
ရာမှ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုကျော်မျိုးအောင်(ဘ)ဦးကျော်၊ တောင်ဥက္ကလာပ မြို့နယ်နေသူ
နင်းလာသည့် ဆိုက္ကားအားတိုက်မိခဲ့၍ ဆိုက္ကားပျက်စီးခဲ့ကာ ကိုကျော်မျိုးအောင်တွင် ပွန်းပဲနာကျင်ဒဏ်ရာများရရှိသဖြင့် သင်္ဃန်းကျွန်း
စံပြဆေးရုံတွင်ပြင်ပလူနာအဖြစ်ကုသခဲ့ရပြီး ဆိုက္ကားပေါ်ပါခရီးသည် အမည်မသိ၊ အသက်(၅၀)နှစ်ခန့်အမျိုးသမီးမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် ယာဉ်အားမဆင်မချင်
မောင်းနှင်သူ ယာဉ်မောင်းတင်ချို အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police