"ကိုယ်ရောစိတ်ပါကျန်းမာစေမယ့် ကိုယ်ဝန်ဆောင် ယောဂကျင့်စဉ်များ"

ပို့စ်တင်ချိန် - 8/29/2013 04:04:00 PM


ကမ္ဘာနဲ့အဝန်းမှာယောဂကျင့်စဉ်တွေဟာ ခေတ်စားလျက် ရှိပါတယ်။ ယောဂ ကျင့်စဉ် တွေဟာ စိတ်ကိုငြိမ်း အေးစေပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို အထောက် အကူပြုပါတယ်။ ဒီလ ရတီ ပရိသတ်တွေအတွက် ကိုယ်ဝန်ဆောင် ယောဂ ကျင့်စဉ်များကို Jenny (ခ)ကျင်းလိက သရုပ်ပြသ ထားပါတယ်။

ကိုယ်ဝန်ဆောင်ယောဂကျင့်စဉ်မှာ သတိ ထားရမယ့် အချက်တွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင် ယောဂရဲ့ အဓိက အခြေခံ ကျင့်စဉ်ဟာ တရား ထိုင်နည်းပါပဲ ။ ဒီကျင့်စဉ်တွေမှာ ကိုယ်ဟန် အနေအထားဟာ အရမ်းလွယ်ကူ ရိုးရှင်းပါ တယ်။ မခက်ခဲပါဘူး။ ကိုယ်ဝန်ဆောင် ကျင့်စဉ်တွေမှာ အဓိကထား အာရုံ စိုက်ရမှာကတော့ အသက်ရှူမှု ပဲဖြစ်ပါတယ်။ လှုပ်ရှားမှုတိုင်းကို တတ်နိုင် သလောက် ဖြည်းညင်းနိုင်သမျှ ဖြည်းညင်းစွာ ခပ်မှန်မှန်ပြုလုပ် ရမှာဖြစ်ပါ တယ်။ ယောဂကျင့် စဉ်ကို တစ်ခါမှ မပြုလုပ်ဖူးသူဟာ အရိုးရှင်းဆုံးနဲ့ လွယ်ကူပေါ့ပါးတဲ့ လှုပ်ရှားမှု ကျင့်စဉ်မျိုး ကိုသာ ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ ဝမ်းဗိုက်ကို အားပြုတဲ့ ကျင့်စဉ်ပုံစံနဲ့ ဇောက်ထိုး ပုံစံဖြစ်တဲ့ကျင့်စဉ်တွေ မပြုလုပ်ဖို့ ကျင်းလိက သတိပေးထားပါတယ်။

ဒီကျင့်စဉ်မှာ ငြိမ့်ညောင်း သာယာတဲ့တေးသွားလေးနဲ့ ပေါင်းစပ်လိုက်ရင် လှုပ်ရှားမှုကို သက်သောင့်သက် သာနဲ့ဖြစ်ပေါ် လာစေပါတယ်။

တရားထိုင်ကျင့်စဉ်

အရိုးရှင်းဆုံးက ရှစ်ခု ရှိပါတယ်။ အဲဒီ၈ခု အထဲမှာမှ ကိုယ့်အတွက် သက်သောင့် သက်သာ အဖြစ်ဆုံးပုံနဲ့ ကိုယ်ကြိုက်သလို ကျင့်နိုင်ပါ တယ်။
ခြေဖနောင့်နှစ်ခုကို ထိကပ်ထားပါ။ ခြေ ဖနောင့်ရယ်၊ ချက် ရယ်၊ နှာခေါင်း ရယ်က မျဉ်းတစ် ဖြောင့်တည်း ရှိနေရပါမယ်။ အဲဒါက အလွယ် တကူ ထိုင်နည်းဖြစ်ပါတယ်။

ဒီကျင့်စဉ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ထိုင် နည်းနဲ့ထိုင်ပါ။ မျက်စိမှိတ်ထားပါ။ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ဒီလိုထိုင်တဲ့အခါ မိမိကြိုက် နှစ်သက်တဲ့ ငြိမ့်ညောင်း တဲ့ တီးလုံးရွေးချယ်နိုင်ပါတယ်။ အသက်ရှူမှုမှာ အာရုံစိုက်ပါ။ ဒီအချိန်မှာ ဘာမှ မတွေးပါနဲ့။

ဒီလိုတရားထိုင်ကျင့်စဉ်ဟာ ကိုယ်ဝန်ဆောင် တွေအတွက် စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပြီး စိတ်ကို အေးချမ်း ပျော်ရွှင်လာစေပါတယ်။

မြင့်သူဇာထွန်း
Yati Magazine