တရားမဝင်ဒေါ်လာရောင်းဝယ်သူ ရှစ်ဦး ကျောက်တံတားတွင် ဖမ်း

ပို့စ်တင်ချိန် - 8/27/2013 08:40:00 AM



ကျောက် တံတားမြို့နယ်တွင် တရားမဝင် ဒေါ်လာရောင်းဝယ်သူရှစ်ဦးကို နှစ်ရက်အတွင်း ဖမ်းဆီးခဲ့သည် ဟု ကျောက်တံတားမြို့နယ်ရဲစခန်း မှူး ဦးမျိုးမြင့်ကြိုင်က ပြောသည်။
ဩဂုတ်၂ဝရက်နှင့် ၂၁ရက် က ကျောက်တံတားတွင်ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ယင်းရှစ်ဦးကို တရား မဝင် ဒေါ်လာရောင်းဝယ်မှုများ ဖြင့် ကျောက်တံတားရဲစခန်းနယ် ထိန်းနှင့်အဖွဲ့ကဖမ်းဆီးခဲ့ပြီး ခြေ ချုပ်ဖြင့် ဖမ်းဆီးထားကာ သက် သေခံပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ စခန်း မှူး ဦးမျိုးမြင့်ကြိုင်က ''တရား မဝင် ဒေါ်လာရောင်းဝယ်မှုတွေ ကို ပပျောက်စေချင်လို့ဆောင် ရွက်တာပါ။ ကျောက်တံတားမှာက ဒီလိုရောင်းဝယ်တဲ့သူတွေ အများ ကြီးပဲ။ ဒလဘက်ကမ်းက ဒေါ် လာဝယ်ရောင်းလုပ်မယ့်သူတွေ လဲ နေ့စဉ်နဲ့အမျှလာကြတာတွေ ရှိတယ်။ အဲဒီထဲမှာမှ မသမာသူ တွေက နိုင်ငံခြားသားတွေအပါ အဝင် ဒေါ်လာလဲတဲ့သူတွေကို လိမ်ပြီး ရောင်းဝယ်တာတွေလဲရှိ တယ်''ဟု ပြောသည်။

ရန်ကုန်တွင် တရားဝင်နိုင်ငံ ခြားငွေ လဲလှယ်သည့်နေရာများ ရှိသော်လည်း ယင်းနေရာများသည် တရားမဝင် ဒေါ်လာဝယ်ရောင်း ဈေးကွက်နှင့်ယှဉ်လျှင် ဈေးနှုန်း အနည်းငယ် ကွာဟမှုများကြောင့် တချို့နိုင်ငံခြားသားများနှင့် ပြည် သူများအနေဖြင့် ပြင်ပတရားမဝင် ငွေကြေးလဲလှယ်သူများဖြင့် ဒေါ် လာဝယ်ရောင်းမှုများ ပြုလုပ်ကြ ကြောင်း သိရသည်။ လှည်းတန်းဈေးအနီးရှိ တရားဝင် နိုင်ငံခြားငွေလဲလှယ်ပေး နေသည့်ဆိုင်မှ တာဝန်ခံအမျိုး သမီးတစ်ဦးက ''ဒီမှာက နိုင်ငံခြား ငွေမျိုးစုံလဲလို့ရတယ်။ ပေါက်ဈေး ကိုလဲဖော်ပြပြီးသား။ ဒီမှာနိုင်ငံ ခြားငွေလဲရင် ငွေမပြည့်တာတို့၊ လိမ်တာတို့မရှိဘူး။ တချို့က ဈေး နည်းနည်းကွာတာနဲ့ အပြင်မှာလဲ ကြတယ်။ အလိမ်ခံရတာတွေတစ် ပုံကြီးပဲ''ဟု ပြောသည်။ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်ငွေကြေးလဲလှယ်သည့် နေရာများကို နိုင်ငံတော်မှ တရား ဝင်ရောင်းဝယ်ခွင့် ပြုထားပေးပြီး ဖြစ်သည်။
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ