မိုက်ခရိုဝေ့ဖ်မီးဖိုဖြင့် ချက်ပြုတ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက် ငါးရပ်

ပို့စ်တင်ချိန် - 8/28/2013 09:35:00 AM


ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ အစာတွေကို ထုတ်ယူပြီး မိုက်ခရိုဝေ့ဖ် ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ အစာတွေကို ထုတ်ယူပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်လိုက်ရင် သုံးမိနစ် အတွင်း အစာတွေ ပူနွေးပြီး ချက်ထားခါစလို စားချင်စဖွယ် ဖြစ်သွားတတ်ပါတယ်။ ဒီလို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆိုတာကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်တဲ့ အခါ အောက်ပါအချက် ငါးရပ်ကို တွေ့ရှိခဲ့ရပါတယ်။

* မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် အစာအာဟာရဓာတ်ကို လျော့ကျစေတယ်။
အစာတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် ပင်ကို အာဟာရဓာတ်တွေ လျော့ကျစေပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အထဲမှာထည့်ထားတဲ့ အစာထဲကို ရေမော်လီကျူးတွေ လှည့်လည်နေပြီး မော်လီကျူး ပွတ်တိုက်မှု ဖြစ်စေပါတယ်။ နောက်ဆုံးမှာ အပူရှိန်ကြောင့် အစာထဲက မော်လီကျူး တည်ဆောက်ပုံ ပြောင်းလဲသွားပြီး ရလဒ်အနေနဲ့ အာဟာရပါဝင်မှု လျော့ကျသွားပါတော့တယ်။

* မိုက်ခရိုဝေ့ဖ် အစာဟာ သွေးထဲက ဓာတ်တွေကို ပြောင်းလဲစေတယ်။
ဆွစ်ဇ်ဆေးပညာ လေ့လာမှု အရ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးထားတဲ့ နွားနို့နဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့ သူတွေရဲ့ သွေးဟာ ပြောင်းလဲမှု ရှိကြောင်းသိရပါတယ်။ ပြင်ဆင်ထားပုံ မတူညီတဲ့ အစာတွေကို စားတဲ့ လူရှစ်ဦးအား လေ့လာခဲ့ရာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ်ထားတဲ့ အစာစားထားရင် သွေးဖြူဥ ပမာဏ မြင့်တက်ပြီး သွေးနီဥပမာဏ လျော့နည်းနေတာကို လေ့လာ တွေ့ရှိရပါတယ်။

* မိုက်ခရိုဝေ့ဖ်မီးဖိုဟာ မိခင်နို့နဲ့ ဗီတာမင် B12 ကို လျော့ပါးစေတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အစာကို အပူပေးလိုက်တဲ့အခါ ဗီတာမင် B12 ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးက လျော့ပါးသွားပါတယ်။ စားနပ်ရိက္ခာဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ် အရ မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အပူ ပေးလိုက်တဲ့အခါ ဗီတာမင် B12 ဆုံးရှုံးသွားတဲ့ အစားအသောက်တွေက အမဲသား၊ ၀က်သား နဲ့ နွားနို့တွေလို ဗီတာမင် ၁၂ ပါဝင်မှု များတဲ့ အစာတွေ ဖြစ်ပါတယ်။ လေ့လာမှု ရလဒ်အရ အစာဟာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးပြီးတဲ့ အခါ ဗီတာမင် ဆုံးရှူုံးမှုက ၃၀-၄၀ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူ ပေးလိုက်တဲ့အခါ အစာထဲက ဗီတာမင် B12 ဟာ မတက်ကြွတဲ့ ပုံစံအဖြစ်ကို ပြောင်းသွားပါတယ်။ မိခင်နို့ထဲက ဘက်တီးရီးယား တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် ပစ္စည်းတွေဟာလည်း မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူ ပေးလိုက်တဲ့အခါ ဆုံးရှုံးသွားတတ်ပါတယ်။ အေးခဲထားတဲ့ မိခင်နို့ နမူနာ ၂၂ ခုကို စမ်းသပ်ကြည့်ရာ အပူပေးချိန် ၃၀ စက္ကန့်အတွင်း အပူရှိန်မြင့်လေ၊ အီးကိုလိုင် ဘက်တီးရီးယားပိုး ပမာဏဟာ အခန်းအပူချိန်မှာ ထားတာထက် ၁၈ဆ ပိုပွားများလေ ဖြစ်ကြောင်း တွေ့ရပါတယ်။ အပူချိန် နည်းနည်းပေးတဲ့အခါ လိုင်ဆိုဇိုမ်းစွမ်းအား လျော့ကျပြီး ကလေးမှာ ဘက်တီးရီးယား ကူးစက်ခံရနိုင်ခြေ များကြောင်း သိရပါတယ်။

* မိုက်ခရိုဝေ့ဖ်မီးဖိုဟာ အစာထဲမှာ ကင်ဆာ ဖြစ်စေတဲ့ ဓာတ်ကို အားပေးတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစာတွေကို အပူပေးတဲ့အခါ အစာထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ် ထွက်ရှိလာစေပါတယ်။ ဂျာမန်နဲ့ ရုရှားလေ့လာမှုအရ မိုက်ခရိုဝေ့ဖ် မီးဖိုအကြောင်း ကျန်းမာရေး သတိပေးချက်တွေ ဖော်ပြခဲ့ဖူးကြောင်း၊ မိုက်ခရိုဝေ့ဖ် မီးဖိုထဲက ပလတ်စတစ် ထုပ်ပိုးထားတဲ့ အစာတွေမှာ BPA ၊ ပိုလီအီသိုင်လင်းတာ့ပ်သားလိတ်၊ ဘန်ဇင်း၊ တော်လင်းနဲ့ ဇိုင်လင်းတို့လို အဆိပ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်ကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ အပူပေးထားတဲ့ အစာတွေကို ပလတ်စတစ် ထုပ်ပိုးပြီး အပူပေးရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ထွက်လာပြီး အဲဒီအစာတွေ စားတဲ့အခါ သင့်ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

* မိုက်ခရိုဝေ့ဖ်မီးဖိုဟာ နှလုံးခုန်နှုန်းကို ပြောင်းလဲစေတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုကို အသုံးပြုစဉ်မှာ ဓာတ်ရောင်ခြည် 2 ဒသမ 4 GHz နှုန်းကို အဆက်မပြတ် ထုတ်လွှတ်နေတာကြောင့် သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ထရန့်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မိုက်ခရိုဝေ့ဖ်မီးဖိုက ထွက်လာတဲ့ ဓာတ်ရောင်ခြည်ဟာ နှလုံးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲအပေါ် သက်ရောက်မှု ရှိကြောင်း သိရပါ တယ်။ ဒါကြောင့် မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ ချက်ထားတဲ့ အစာတွေကို ပုံမှန်စားရင် နှလုံးခုန်နှုန်း ပုံမှန် မဟုတ်တာနဲ့ ရင်ဘတ်အောင့်တာ တို့ကို ဖြစ်စေပါတယ်။
SweSone Media