မေ့လျော့ကာဖွင့်ထားခဲ့သည့် ပန်ကာမှအပူချိန်လွန်ကဲ၍ စတင်မီးလောင်

ပို့စ်တင်ချိန် - 8/10/2013 06:52:00 AM


ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူပန်းဘဲတန်းမြို့နယ်၊
(၆)ရပ်ကွက်၊ လမ်း(၃၀)မြေညီထပ်ရှိ ဖက်ရှင် မျက်မှန်အရောင်းဆိုင်
တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်သွားရောက်
စစ်ဆေးရာ ဆိုင်ပိုင်ရှင်မှာ ဦးလှဌေး၊ (ဘ)ဦးထွန်းရွှေဖြစ်ပြီး ၎င်းမျက်မှန်ဆိုင်၏ ထပ်ခိုးရှိမျက်မှန် ပစ္စည်းများထားသော
အခန်းအတွင်း၌ ၁၈၀၀ အချိန် ဆိုင်သိမ်းစဉ်က မတ်တပ်ပန်ကာအား
မေ့လျော့ကာဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး ၁၉၄၅ အချိန်ခန့်၌ မီးစတင်လောင်ခဲ့သဖြင့် မီးသတ်ယာဉ်(၂)စီး ရောက်ရှိငြိမ်းသတ်ခဲ့ရာ
၁၉၅၀ အချိန်မီးငြိမ်းသွားခဲ့ကြောင်းစစ်ဆေးသိရှိရပါသည်။

မီးလောင်မှုကြောင့် ပန်ကာ(၁)လုံး၊ တန်ဖိုးငွေကျပ်(၁၀၀၀၀)ဆုံးရှုံးခဲ့ပြီး
လျှပ်စစ်မီးအား ပေါ့ဆစွာ သုံးစွဲသူ ဦးလှဌေးအားပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၉/၂၀၁၃၊ ပုဒ်မ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police