လက်တော့၊ မော်နီတာတို့နှင့်အတူ မသင်္ကာတွေ့ရှိသူတို့အားအရေးယူ

ပို့စ်တင်ချိန် - 8/23/2013 09:24:00 AM


၂၂.၈.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာရှေ့တွင် ဒဂုံတောင်မြို့နယ်၊ (၂၂)ရပ်ကွက် နေသူများဖြစ်သည့်
ဝေဖြိုး(ဘ)ဦးသိန်းမြင့်နှင့် ရဲကျော်စွာ(ဘ)ဦးကျော်ရွှေ တို့(၂)ဦးအား အနက်ရောင်လွယ်အိတ်ဖြင့်ထည့်လျက် အဖုံးတွင်ကျောက်များစီထားသော DELL တံဆိပ်ပါအနက်ရောင် လက်တော့(၁)လုံး၊ acer တံဆိပ်ပါ
အနက်ရောင်မော်နီတာ(၁)လုံးတို့နှင့်အတူ တွေ့ရှိသဖြင့်စစ်မေးရာ ၎င်းတို့ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ
ပြသပြောဆိုနိုင်ခြင်းမရှိ၍ ခိုးယူလာကြောင်းမသင်္ကာသဖြင့် သိမ်းဆည်း
ခဲ့ပြီး ကမာရွတ်မြို့မရဲစခန်း (ပ) ၃၇၄/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police