အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အောက်ခြေအထိ ဆင်းရန်လိုအပ်ကြောင်း အင်န်ဂျီအိုများဝေဖန်

ပို့စ်တင်ချိန် - 8/20/2013 01:36:00 PM


ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရန်အတွက်အစိုးရ အနေဖြင့် အောက်ခြေအထိ ဆင်း ကာဆောင်ရွက်ရန်နှင့် ဗဟိုချုပ် ကိုင်မှုစနစ်ကို စွန့်လွှတ်ရန်လိုအပ် ကြောင်း ပြည်တွင်းရှိ လူမှုအဖွဲ့အ စည်းများက ဝေဖန်ပြောကြား လိုက်သည်။
နိုင်ငံတော်အစိုးရအနေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဟုဆိုကာ ထိုင်ခုံပေါ်ထိုင်နေရုံဖြင့် ရလဒ်ကောင်းရရှိမည် မဟုတ်ဘဲ အောက်ခြေရှိ ကျေးရွာများအထိ ဆင်းကာဆောင်ရွက်ရန် လိုအပ် ကြောင်း ယင်းတို့က သုံးသပ်ပြော သည်။
Country Agency of Development (ကျေးလက် ဖွံ့ဖြိုးရေးအဖွဲ့)မှ ဦးဝင်းလှိုင်ဦးက ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆို ပြီး ချေးငွေထုတ်ချေးတယ်။ဘာမှ ဖြစ်မလာဘူး။ ချေးငွေထုတ်ချေး တဲ့သူတွေပဲ ချမ်းသာသွားတယ်။ အမှန်တကယ်ကျေးရွာတွေအ ထိဆင်းပြီးတော့ ဆောင်ရွက်သင့် တယ်''ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအ တွက် မွေးမြူရေး၊ ရေလုပ်ငန်းဝန် ကြီးဌာနကို မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနဟု အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဘဏ္ဍာ ငွေများကို မျှတစွာသုံးစွဲကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်မှ ဦးနေမျိုးဇင် က ''လက်ရှိဖြစ်နေတာတွေကို အောက်ခြေအထိဆင်းကြည့်မှ သိနိုင်မယ်။ အဲကွန်းခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်နေရုံနဲ့တော့ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး''ဟု သုံးသပ် ပြောသည်။
ရက္ခိတလူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ''ကျေး လက်ဒေသဖွံ့ဖြိုးဖို့ ဌာနဆိုင်ရာ တွေနဲ့ ဒေသခံတွေပူးပေါင်းဖို့လို တယ်။ ဒေသအာဏာပိုင်တွေက မီးစိမ်းပြမှ အင်န်ဂျီအိုတွေက လုပ် လို့ရတာတွေရှိတယ်။ အပေါ်က ပြောင်းနေပြီး အောက်ခြေက မ ပြောင်းလဲသေးတော့ မအောင် မြင်နိုင်ဘူး''ဟု ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ မွေး မြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည် တွင်းရှိလူမှုရေးအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများ၊ ပညာရှင်များ၊ လုပ် ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲကို ဩဂုတ် ၁ရရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ