သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံတွင် ရောင်းစားထားကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်ကြား

ပို့စ်တင်ချိန် - 8/05/2013 03:14:00 PM


ရန်ကုန်၊ သြဂုတ် ၅

၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာမြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အား ရွှေပြည်သာမြို့နယ်
နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်းအနီး၌ကြိုတင်ရောက်ရှိနေသူ သားငယ်(စိစစ်ဆဲ)နှင့်
အတူ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ မစုစုခိုင်ထွေး၏နေအိမ်သို့
ပို့ဆောင်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ခိုးဝင်ပြီး ရွှေလီမြို့၊ အန်ဝှေ့ရပ်ကွက်ရှိ မရှမ်းမ(စိစစ်ဆဲ)၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း မရှမ်းမနှင့် ခင်ပွန်းဖြစ်သူတို့က သမီးဖြစ်သူအား တရုတ်အမျိုးသား (၂)ဦးထံ ရောင်းစားခဲ့ကြကြောင်းတို့ကို ရွှေလီမြို့၌ သမီးဖြစ်သူနှင့်
တွေ့ခဲ့သော မဇာခြည်စိမ့်စိမ့်ကျော်မှ ၂၀.၇.၂၀၁၃ နေ့တွင်
နေအိမ်အနီးရှိဖုန်းဆိုင်သို့ဆက်သွယ်အကြောင်းကြားပေးလာသဖြင့် သိရှိခဲ့ရသောကြောင့် သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင်ရောင်းစားခဲ့ကြသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊ သားငယ်၊ မစုစုခိုင်ထွေး၊ 
မရှမ်းမနှင့် ၎င်း၏ခင်ပွန်းတို့အား အရေးယူပေးပါရန် 
၎.၈.၂၀၁၃ ရက်နေ့တွင် လှော်ကားနယ်မြေရဲစခန်းသို့ 
လာရောက်တိုင်တန်းခဲ့သဖြင့် (ပ)၂၃၅/၂၀၁၃၊ လူကုန်ကူးမှုဥပဒေ
ပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police