ပထမဆုံး ဆေးမင်ကြောင် ထိုးလိုက်သည့် မော်ရင်ဟို

ပို့စ်တင်ချိန် - 8/01/2013 06:28:00 PM

မာတယ်လ်ဒီ ဖာရီရာ၏ ချစ်စနိုးအမည်ဖြစ်သော တမ်မီနှင့် ကလေးနှစ်ဦး၏ အမည်များကို လက်ကောက်ဝတ် ပတ်လည်တွင် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။



ချယ်လ်ဆီးအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုတစ်ယောက် ၎င်း၏ ဘဝတွင် ပထမဆုံး ဆေးမင်ကြောင် (Tattoo)ကို ခန္ဓာကိုယ်ပေါ် ရေးထိုးလိုက်ပြီ ဖြစ်သည်။ အသက်(၅၀)ထိ လုံးဝ Tattooမထိုးဖူးသော ပေါ်တူဂီသားသည် ယခုအခါ လက်ကောက်ဝတ်ပေါ်၌ စာတန်းတစ်ခု ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စာတန်းသည် မော်ရင်ဟို၏ မိသားစုအတွက် ဂုဏ်ပြုရန် ရည်ရွယ်မှု တစ်ခုဖြစ်ပြီး ပေါင်စတာလင် (၈၀)မျှ ကုန်ကျခဲ့ကြောင်း သတင်းများက ဆိုသည်။ ၎င်းသည် ဇနီးသည် မာတယ်လ်ဒီ ဖာရီရာ၏ ချစ်စနိုးအမည်ဖြစ်သော တမ်မီနှင့် ကလေးနှစ်ဦး၏ အမည်များကို လက်ကောက်ဝတ် ပတ်လည်တွင် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။



လန်ဒန်ရှိ Tattoo အလှဆင် ဆိုင်တစ်ခုတွင် ရေးထိုးလာသည့် စာတန်းအတွက် မော်ရင်ဟို အနေဖြင့် ကျေနပ်နေဖွယ် ရှိသည်။ လတ်တလောတွင် ချယ်လ်ဆီးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်သို့ ရောက်ရှိနေပြီး ကက်သလစ် တက္ကသိုလ် လေ့ကျင့်ရေးကွင်းတွင် ပုံမှန် လေ့ကျင့်ခန်း ဆင်းနေသည်။ ယင်းသည် ချယ်လ်ဆီး၏ အမေရိကန် ခြေစမ်း ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။ မော်ရင်ဟိုသည် တမ်မီကို (၁၉၈၉)ခုနှစ်က လက်ထပ်ခဲ့ပြီး သမီးငယ် တီတာနှင့် သားငယ် ဇူကာတို့ကို မွေးဖွားကာ သာယာသော အိမ်ထောင်ရေး တစ်ခုကို ထူထောင်ထားသည်။