လူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် . . .

ပို့စ်တင်ချိန် - 8/10/2013 07:02:00 AM

ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်းစား စရာ ရှိပါတယ်။ သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

အောက်က အချက်တွေက သဘောမတူသူရှိသလို၊ သဘောတူသူတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အမြဲတမ်းမှန်တဲ့ အမှန်တရားတွေတော့ မဟုတ်ပါဘူး။ အဆင်မပြေဘူးထင်တဲ့ အချက်တွေကို ကျော်သွား နိုင်သလို တည့်တည့်တိုးမယ့် အချက်တွေလည်း ပါ ပါလိမ့်မယ်။

လက်ထပ်ပြီးရင် ပြောင်းလဲသွားလိမ့်မယ်ဆိုတာမျိုး ဘယ်တော့မှ မတွေးပါနဲ့။

အများအားဖြင့် ပြောလေ့ရှိတာကတော့ ဒီလိုအတွေးမျိုးကို အချစ်ကြီးတဲ့ မိန်းမတွေ၊ (တစ်ခါတလေမှာ တော့) အိမ်ထောင်ပြုပြီးနောက် ဖြစ်လာမယ့် ပြဿနာတွေကို သိပ်အလေးမထားတဲ့ အမျိုးသမီးတွေ ခပ် လွယ်လွယ်တွေးတတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ တွေးခေါ်မှုပါပဲ။
ချစ်သူရည်းစားဘ၀မှာ အဆင်မပြေတာတွေကို သည်းခံပြီး “သူလိမ္မာသွားပါလိမ့်မယ်၊ ခုက အိမ်ထောင် မပြုရသေးလို့၊ အတူတူမနေရသေးလို့ပါ” စတဲ့ စကားတွေနဲ့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ပြီးနေတာဟာတကယ် တော့ ကြောက်လန့်နေခြင်း၊ မလုံမလဲ ဖြစ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်းတို့ကို ဖြစ်စေပါတယ်။
နောက်ထပ်တစ်ခုက အိမ်ထောင်ပြုပြီးတဲ့အချိန်မှာ သူ့ကိုပြောင်းလဲပြစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးကို ဘယ် တော့မှ မတွေးပါနဲ့။ မဖြစ်နိုင်ပါဘူး။ ပြောင်းလဲကောင်းပြောင်းသွားနိုင်ပေမယ့် ဒါဟာ အိမ်ထောင်ပြုလိုက် ခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ အကျင့်စရိုက်တွေ၊ အမူအကျင့်တွေကို တစ်သက်လုံးလုပ်လာခဲ့တဲ့ လူ တစ်ယောက်အနေနဲ့ ပြောင်းလဲဖို့ဆိုတာ တော်တော်မလွယ်တာကြောင့်ပါ။
ဒါကြောင့် သူ့အပေါ်မှာ ကိုယ်မကြိုက်တာတွေ၊ ကိုယ့်အပေါ်မှာ သူမကြိုက်တာတွေကို ကြိုတင်စကားပြော ပါ။ ဖြေရှင်းပါ။ ညှိနှိုင်းပါ။ ဒီကိစ္စတွေ အဆင်မပြေသေးဘဲနဲ့ လက်ထပ်တာမျိုး မလုပ်လိုက်ပါနဲ့၊၊နောင်တတွေ နဲ့ နှစ်ပါးသွားရပါလိမ့်မယ်။

Credit to Mizzima