ကနေဒါမှာ ပလက်စတစ်ပုံး ထဲကနေ စပါးကြီး အကောင် ၄၀ တွေ့

ပို့စ်တင်ချိန် - 8/18/2013 06:17:00 AM


ကနေဒါနိုင်ငံက မိုတယ် အခန်း တခုမှာ ပလက်စတစ် ထည့်ထဲ ပုံးထဲ ကနေ စပါးကြီးမြွေ အကောင် ၄၀ ကို တွေ့ရှိရပါတယ်။

နိုင်ငံ တခြားဒေသ ဘက်မှာ စပါးကြီးမြွေ တကောက် ကနေ ကလေး နှစ်ယောက်ကို သတ်ဖြတ် ခဲ့ပြီး နောက် ၂ ရက် အကြာမှာ ပဲ အခုလို စပါးကြီးမြွေ အများ အပြားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အွန်တာရီယို က ဘရန်တ်ဖို့ဒ် မြို့မှာ အခုလို မြွေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီ အထဲက တချို့အကောင်တွေဟာ တမီတာ ကျော် ရှည်တယ်လို့ ရဲက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဒီမြွေတွေကို တိရိစ္ဆာန်ငြင်းဆဲ မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း သူတွေ ကနေ ယူသွားကြပါတယ်။

ပြီးခဲ့တဲ့ အပတ်က စပါးကြီး မြွေကြီး တကောင်ဟာ သူ့ကို ထည့်ထား တဲ့ လှောင်အိမ် ထဲကနေ လွတ်လာပြီး အိပ်ခန်းထဲ ဝင်ကာ အသက် ၆ နှစ်နဲ့ ၄ နှစ်အရွယ် ညီအကို နှစ်ဦးကို ညှစ်သတ်ခဲ့ ပါတယ်။

BBC