အစားအစာတွင် ကြေးနီဓာတ်ပါဝင်မှုများခြင်းက ဦးနှောက်ထိခိုက်မှုဖြစ်နိုင်

ပို့စ်တင်ချိန် - 8/23/2013 09:05:00 AM


ကျွန်ုပ်တို့၏ အစားအစာ များတွင် တစ်သက်တာကြေးနီ ဓာတ်များ များပြားလွန်းခြင်းက အယ်လ်ဇိုင်းမားရောဂါကို ဖြစ် စေနိုင်ကြောင်း အမေရိကန်သိပ္ပံ ပညာရှင်များက ပြောကြားခဲ့သည်။
သို့သော်လည်း သုတေသန မှာ ကွဲလွဲချက်များရှိနေပြီး တခြား လေ့လာမှုများကမူ ကြေးနီသည် ဦးနှောက်ကို အမှန်တကယ်ကာ ကွယ်နိုင်သည်ဟုဆိုသည်။ အစား အစာတွင် ကြေးနီဓာတ်ပါဝင်မှု အဆင့်များပြားခြင်းက ဦးနှောက် ထိခိုက်မှုဖြစ်စေသည်ဟုယူဆရ သော ပရိုတိန်းတစ်မျိုးကို ဖယ် ရှားရန် ဦးနှောက်က ရုန်းကန်ရ ကြောင်း Proceedings of the National Academy of Sciences တွင်ပါရှိသော နောက်ဆုံးလေ့ လာမှုတွင် ဖော်ပြထားသည်။
ကြေးနီသည် ကျွန်ုပ်တို့၏ အစားအစာတွင် အသက်သွေး ကြောအစိတ်အပိုင်းဖြစ်ပြီး ကျန်း မာသောခန္ဓာကိုယ်အတွက် လို အပ်သည်။ ကြေးနီပိုက်များမှလာ သော ဘုံဘိုင်ရေ၊ ချက်လျှင် နီ မြန်းလာသောအသားနှင့် အခွံ မာရေသတ္တဝါများအပြင် သစ်သီး နှင့်ဟင်းသီးဟင်းရွက်များတွင် ကြေးနီဓာတ်ကိုတွေ့ရသည်။
နယူးယောက်ရှိ ရိုချက်စ တာတက္ကသိုလ်မှ သုတေသီအဖွဲ့ တစ်ဖွဲ့၏ကြွက်များကို လေ့လာ မှုအရ ကြေးနီသည် ဦးနှောက် အကာအရံကို အနှောင့်အယှက် ပေးသည်ဟု သိရသည်။ ရေတွင် ကြေးနီဓာတ်ကိုပိုမိုထည့်ကာ တိုက် ကျွေးထားသောကြွက်များတွင် ဦးနှောက်ရှိသွေးကြောများ၌ သတ္တု ဓာတ်များပိုမိုကြီးမားစွာ စုပုံလာ ခဲ့သည်။ ယင်းသို့စုပုံများပြားလာ ခြင်းက ဦးနှောက်အကာ၏လုပ် ငန်းဆောင်ရွက်မှုကိုနှောင့်ယှက် ပြီး beta amyloid ဟုခေါ်ဆိုသော ပရိုတိန်းတစ်မျိုးကိုဖယ်ရှားရန် ဦးနှောက်အတွက် ပိုမိုခက်ခဲစေ သည်ဟု သုတေသီအဖွဲ့က ပြော ကြားခဲ့သည်။
အယ်လ်ဇိုင်းမားရောဂါ၏ ထူးခြားသောလက္ခဏာတစ်ခုမှာ သေနေသောဦးနှောက်တွင် amyloid ပရိုတိန်းများဖွဲ့စည်းဖြစ်ပေါ် နေသည်။ ကြေးနီဓာတ်များစုပုံ ခြင်းက amyloid ပရိုတိန်းများ ကို ဦးနှောက်က ဖယ်ရှားသည့် စနစ်များကို ထိခိုက်နေသည်မှာ ရှင်းလင်းနေကြောင်း ဦးဆောင် စာတမ်းအရရေးသားသူ ဒေါက် တာ ရာရှစ်ဒင်းက ပြောကြားခဲ့ သည်။
Ref.AFP
့Yangon media group