အသက် ၂၃ နှစ် အရွယ် ဓာတ်ပုံ ဆရာမ ကို မွမ်းဘိုင်း မှာ အုပ်စုလိုက် မုဒိမ်းကျင့်

ပို့စ်တင်ချိန် - 8/24/2013 12:03:00 PM


အသက် ၂၃ နှစ် အရွယ် ဓာတ် ပုံ ဆရာ မ တစ်ဦး ကို အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့  မှာ အုပ်စုလိုက် မုဒိမ်း ကျင့် မှု ဖြစ် ပွား ခဲ့ ပါတယ်။ အဖော် အမျိုးသား တစ်ဦး နဲ့  ဓာတ် ပုံ မှတ်တမ်း ရ ယူဖို့  မွမ်ဘိုင်း မြို့  စွန် ကို သွားရောက်ခဲ့တဲ့ ဓာတ် ပုံ ဆရာမ ကို လူ ငါးဦး က ချဉ်းကပ် လာ ပြီး မုဒိမ်းကျင့် ခဲ့ တာ လို့  ဂျက်လော့ ဆေးရုံ မှာ ဆေးဝါး ကုသခံ နေတဲ့ ဓာတ်ပုံ ဆရာ မ က ရဲ ဌာန ကို ပြောပါတယ်။

မုဒိမ်းမှု ကြောင့် မွမ်ဘိုင်း မြို့  သား တွေ ဟာ အထူး တုန် လှုပ် ခဲ့ ပြီး သူတို့  မြို့  ဟာ မြို့ တော် နယူးဒေလီ ထက် မိန်းကလေးတွေ ကို ပို လုံခြုံမှု ပေး နိုင်တယ် လို့  အပြော ကြီး ခဲ့ တာ တွေဟာ သဲထဲ ရေသွန် ဖြစ် ရ ပြီ လို့  ဟိန္ဒူ စတန် တိုင်း သတင်းစာ မှာ ဖော် ပြထား ပါတယ်။

ပြီးခဲ့ တဲ့ နှစ် ဒီဇင် ဘာလ က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ တစ်ဦး ကို မုဒိမ်းကျင့်သတ် ဖြတ် ခဲ့ မှု ကနေ စရေ တွက် မယ် ဆိုရင် တောင် အိန္ဒိယ မှာ မိန်းကလေး တွေ ကို မုဒိမ်းကျင့် မှု ပေါင်း ရာ ကျော် ရှိ နေ ပြီ လို့  မှတ်တမ်းတွေ မှာ ဖော် ပြထား ပါတယ်။

သူနဲ့  အတူ ပါလာတဲ့ အမျိုးသား အဖော် ကို တော့ မုဒိမ်းသမား တွေ က ရိုက် နှက် ခဲ့ ပြီး သူ့  ကို ကျန်တဲ့ လေးယောက် က ၀ိုင်းချုပ် ပြီး တစ်ယောက် ချင်းစီ သားမယား အဖြစ် ပြုကျင့်ခဲ့ တယ် လို့  ပြောပါတယ်။

From: Myanmar Daily News