ဆိုက္ကားဖြင့် ကျောင်းကြိုသွားသည့် အမျိုးသမီးအား အမည်မသိ လူငယ်(၂)ဦးမှ သံပြားဝိုင်းဖြင့်ခြစ်၍ ပါးတွင် ဒဏ်ရာ ရရှိ

ပို့စ်တင်ချိန် - 8/27/2013 09:04:00 AM

၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦးစိန်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပမြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားနှင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိ လူငယ်(၂)ဦးအနက် နှာတံချွန်၊ အသားညို၊ အရပ် ၅ပေ ၅လက်မခန့် ရှိသူမှ ဆိုက္ကားအားတားထားစဉ် မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အသားဖြူ ၊ အရပ် ၅ပေ ၂လက်မခန့်ရှိသူမှ သံပြားဝိုင်းဖြင့်ခြစ်သဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာ ရရှိသောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက် ကုသမှုခံယူရပြီး စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ တောင်ဥက္ကလာပ မြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁ ဖြင့် အရေးယူကာ လိုက်လံစုံစမ်းဖမ်းဆီး လျက်ရှိကြောင်း သတင်းရရှိပါသည်။

တရားလို ဒေါ်ချိုချိုဝင်း နှင့် ဆိုက္ကားနင်းသူဦးမောင်ဆန်းတို့၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်သူ လူငယ်(၂)ဦးမှာ ကုလားလူမျိုးပုံသဏ္ဍာန် မဟုတ်ကြောင်း စစ်ဆေးသိရှိရပါသည်။

ရဲဇာနည်