အခြေခံလူတန်းစားများ အပေါင်ပစ္စည်းမပါဘဲ ငွေချေးနိုင်မည့် ဘဏ်တစ်ဘဏ် ဖွင့်ခွင့်ရ

ပို့စ်တင်ချိန် - 8/01/2013 09:56:00 AM

အခြေခံလူ တန်းစားများအနေဖြင့် အပေါင် ပစ္စည်းထားစရာမလိုအပ်ဘဲ ချေးငွေထုတ်ချေးပေးမည့် အသေးစား ငွေရေးကြေးရေးဘဏ် (Myanmar Micro Finance Bank) ကို ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။ အသေးစားငွေရေးကြေး ရေးဘဏ် (Myanmar Micro-Finance Bank)  ဖွင့်လှစ်နိုင်ရန် အတွက် ဗဟိုဘဏ်မှ ဘဏ်လုပ် ငန်းလုပ်ကိုင်ခွင့် တရားဝင်လိုင် စင်ကို ဇူလိုင်၂ရက်က ပေးအပ်ခဲ့ ကြောင်း ယင်းဘဏ်၏ မန်နေ ဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းနိုင်က ပြော ကြားသည်။

မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းနိုင်က ''ဘဏ်ကနေ အသေးစားချေးငွေ လုပ်ငန်းတွေ အပြင် မူလဘဏ်လုပ်ငန်းဆိုင်ရာ အပ်ငွေလက်ခံခြင်းနဲ့ ချေးငွေထုတ် ချေးခြင်းလုပ်ငန်းတွေကိုပါ လုပ် ဆောင်သွားမှာပါ။ လုပ်ငန်းတိုး ချဲ့ဖို့ ဘဏ်ခွဲ တွေဖွင့် ဖို့နဲ့ ဘဏ် လုပ်ငန်းနဲ့ဆက်စပ်တဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် (Myanmar Micro-Finance Bank)ကို လာမယ့်သုံးလအတွင်း ဖွင့် လှစ်သွားမှာပါ''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
ဘဏ်လုပ်ငန်း ဆောင်ရွက် မှု တစ်နှစ်တာကာလအတွင်း ဘဏ် ခွဲပေါင်း ၂၅ခု ဖွင့်လှစ်နိုင်ရန်ရည် ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျသည့် နေရာများတွင်စတင်ကာ ဘဏ် ခွဲများဖွင့်လှစ်နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

Myanmar Micro Fina-nce Bank အနေဖြင့် ဗဟိုသမဝါ ယမအသင်းချုပ်နှင့် ပူးပေါင်းကာ တောင်သူနှင့် အခြေခံလူတန်းစား များ၏ အလုပ်အကိုင်အခွင့်အ လမ်းများ တိုးတက်စေရေးအတွက် သမဝါယမအသင်းချုပ်အောက် ရှိ အသင်းအဖွဲ့အစည်းများ၏အ ကူအညီဖြင့် အပေါင်ပစ္စည်းထား စရာမလိုဘဲ ချေးငွေများထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Micro Finance Bank  ၏အထွေအထွေမန်နေ ဂျာ ဦးသက်နိုင်ဝင်းက ''တောင် သူတွေတင် မကပါဘူး။ အခြေခံ လူတန်းစားတွေအားလုံးအတွက် ချေးငွေထုတ်ချေးမှာပါ။ သမဝါ ယမအသင်းအဖွဲ့တွေ၊ တခြားလူ မှုအကျိုးပြု အဖွဲ့အစည်းတွေကနေ တစ်ဆင့် ချေးငွေလိုအပ်သူတွေ ကို ထုတ်ချေးသွားမှာပါ''ဟုပြော သည်။ ဘဏ်တိုးနှုန်း များကို တခြား သော ကူးသန်းရောင်းဝယ်ရေး ဘဏ်များနည်းတူ ဗဟိုဘဏ်မှ သတ်မှတ်ထားသော စည်းမျဉ်းများ အတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယင်းအပြင် ခေတ်မီဘဏ် လုပ်ငန်းဝန်ဆောင်မှုများအတွက် လည်း ဆောင်ရွက် ရန်ရည်ရွယ် ထားကြောင်း သိရသည်။ ဦးဇော်ဝင်းနိုင်က ''အပ်ငွေ တွေအတွက် ပြည်သူတွေကို ယုံ ကြည်စိတ်ချမှု၊ ခိုင်မာမှုပေးနိုင်ဖို့ အဓိကထား ဆောင်ရွက်ထားပါ တယ်။ အခြေခံလူတန်းစားတွေ အတွက် ချေးငွေတွေထုတ်ချေး ပေးတဲ့ အခါ သူတို့ရဲ့လုပ်ငန်းတွေ အတွက် သွင်းအားစုတွေဖြစ်လာ မှာပါ''ဟုပြောသည်။

Myanmar Micro Finance Bank ကို ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဆရာစံပလာဇာဒုတိယ ထပ်တွင် ရုံးချုပ်အဖြစ် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။  လက်ရှိမြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူမှာ နိုင်ငံ၏ ရာခိုင်နှုန်းရဝရှိပြီး ဆင်းရဲ နွမ်းပါး မှုလျော့ချနိုင်ရေးအတွက် အသေး စားချေးငွေလုပ်ငန်းဆိုင်ရာ ဘဏ် များပေါ်ထွန်းလာရေး ဆောင်ရွက် သွားရန် နိုင်ငံတော်သမ္မတက ယခု နှစ် သမဝါယမဝန်ကြီးဌာနနှစ်ပတ် လည်အစည်းအဝေးတွင် အကြံ ပြုထားကြောင်း သိရသည်။

သော်ဇင်ထက်
Yangon Time